UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

Administration
10-March-2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ


05 Mar,2025

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၄.၃.၂၀၂၅) ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီတွင် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနား အစီအစဉ်ကို တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ 
 
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာသင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ 
  
အခမ်းအနားအစီအစဉ်အရ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်မှ “AI (Artificial Intelligence) Conceptual Talkကျင်းပရခြင်းရည်ရွယ်ချက်မှာ AI သည် လူသားတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနယ်ပယ်အသီးသီးတွင် အသုံးဝင်ပုံများနှင့် လူမှုအသိုက်အဝန်းကို တိုးတက်မှုများ ဖန်တီးနိုင်ခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် AI နှင့် ပတ်သက်၍ သိရှိနားလည်ပြီး အသိပညာများရရှိစေရန် ရည်ရွယ်ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ AIစတင်ဖြစ်ပေါ်လာပုံကို ပြောကြားပြီး AI နှင့်ပတ်သက်၍ လေ့လာမည်ဆိုပါက General AI နှင့် Narrow AI (၂)မျိုးရှိကြောင်း၊ General AI ဆိုသည်မှာ လူတစ်ယောက်၏ ဉီး‌နှောက် အလုပ်လုပ်သည့်ပုံစံအတိုင်း သင်ယူနိုင်စွမ်းရှိပြီး Narrow AI မှာ အကန့်အသတ်ဖြင့်အလုပ်လုပ်နိုင်သဖြင့် Weak AI ဟုခေါ်ကြောင်း၊ AI ကို နယ်ပယ်အသီးသီးတွင်သာမက ပညာရေးနယ်ပယ်တွင် မိမိသိလိုသော အကြောင်းအရာများကို အလွယ်တကူရှာဖွေနိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် ဈေးကွက်များအကြောင်း၊ Customer Behavior များနှင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကို AI အသုံးပြု၍ ခန့်မှန်းပေးနိုင်ကြောင်း၊ နယ်ပယ်အသီးသီးတွင် အထောက် အကူပြုနိုင်သည့် Artificial Intelligence နည်းပညာ၏ အကျိုးကျေးဇူးများ၊ ကျောင်းသား/ ကျောင်းသူများ အတွက်  အချိန်ကုန် သက်သာပြီး အသုံးဝင်သည့် AI Tools များကို ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အသုံးပြုလုပ်ဆောင်နိုင်၍ AI နည်းပညာများကို သိရှိနိုင်စေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ် AI နှင့် ပတ်သက်၍ အကျိုးကျေးဇူးများရှိသကဲ့သို့ စိန်ခေါ်မှုများလည်းရှိကြောင်း ၊ AI သည် လာမည့်အနာဂတ်တွင် လူသားများ၏ စိတ်ကူးပုံဖော်သည့် အရာများကို ဖန်တီးနိုင်ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစသည့်နယ်ပယ်အသီးသီးတွင် AI ကိုအသုံးပြုခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်၍ ကျောင်းသား/သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်စေရန် အထောက်အကူဖြစ်နိုင်ပါကြောင်း၊  အသိပညာ ဗဟုသုတများကို ဒီအတိုင်းမထားဘဲ ဆက်လက် လေ့လာသင့်ပါကြောင်း ’’ တို့ဖြင့် အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများအား ICT ဌာန၊ ပါမောက္ခဌာနမှူးမှ  “AI နည်းပညာ စတင်ပေါ်ပေါက်လာသည့်သမိုင်း၊ လက်ရှိတွင် အသုံးပြုနေကြသော AI Tools များအကြောင်း၊ AI Tools များကို လက်တွေ့ အသုံးပြုနည်းများ၊  AI နည်းပညာ၏ ကောင်းကျိုး/ဆိုးကျိုးများ နှင့် သိကောင်း စရာများ’’ ကို ဟောပြော ဖြန့်ဝေခဲ့ပါသည်။

အစီအစဉ်အရ တက်ရောက်လာသည့် ကျောင်းသား/သူများအား သိရှိလိုသည်များနှင့် အမေး အဖြေမေးခွန်းများကို မေးမြန်းဆွေးနွေးခြင်း၊ ICT ဌာနမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီးနောက် ပါမောက္ခချုပ်မှ အဖြေမှန်သည့် ကျောင်းသား/သူများအား အမှတ်တရလက်ဆောင်များပေးခြင်း၊ AI နည်းပညာ ဟောပြောပို့ချပေးသည့် ICT ဌာန၊ ပါမောက္ခဌာနမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ  နေ့လယ် (၁၂း၀၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

#UCMS UPDATE

 


No. First Image Title Uploaded Date Type
1 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
2 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
4 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
7 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
8 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing