ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
၁။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် အောက်ပါသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) စီးပွားရေးသိပ္ပံဘွဲ့(စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ)
B.BSc(Accounting & Finance)
(ခ) စီးပွားရေးသိပ္ပံဘွဲ့(အသုံးချစာရင်းအင်းပညာ)
B.BSc(Applied Statistics)
(ဂ) စီးပွားရေးသိပ္ပံဘွဲ့(ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)
B.BSc(Marketing Management)
(ဃ) စီးပွားရေးသိပ္ပံဘွဲ့(ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)
B.BSc(Regional Development)
(င) စီးပွားရေးသိပ္ပံဘွဲ့(လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)
B.BSc(Social Enterprise Management)
၂။ သင်တန်းကာလမှာ (၄)နှစ်ဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ(မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ရမည်။
၄။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ်အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
၅။ လျှေက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း
(ခ) အမှတ်စာရင်းမူရင်း
(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
၆။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်/မြို့နယ်ရုံး များမှတဆင့်ပေးပို့၍ဖြစ်စေ၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာ ဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာရွက်စာတမ်းအပြည့်အစုံဖြင့် လျှောက်ထားရမည်။
၇။ လျှောက်လွှာနှင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် (၂၅.၈.၂၀၂၂)ရက်နေ့မှ (၃၀.၉.၂၀၂၂) ရက်နေ့ထိ ရုံးချိန်အတွင်း ဝယ်ယူလျှောက်ထားနိုင်ပါသည်။
၈။ တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန website https://mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Website www.ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၉။ အသေးစိတ်သိလိုသောအချက်အလက်များကိုဝန်ကြီးရုံး website https://mcrd.gov.mm ဤတက္ကသိုလ်၏ Website www.ucms.edu.mm နှင့် Facebook Page: University of Co-operative and Management, Sagaing တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်းနံပါတ် 072-2023015 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
24-08-2022
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
|
The Exams are going to be held from (21.9.17) to (28.9.17).
20-09-2017
CUS
|