UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ

Administration
02-March-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ


01 Mar,2025

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏(၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲကို (၂၈.၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီတွင်  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးရာဌာန နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါအောင်ပွဲအခမ်းအနားအား “နမောတဿ (၃) ကြိမ်” ရွတ်ဆို စတင်ခဲ့ပြီးနောက် ရွှေသမား ကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော် ဘဒ္ဒန္တဉူးကောသံလ္လာဘိဝံသ ထံမှ (၅) ပါးသီလခံယူ ဆောက်တည်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျာယ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် ဆရာတော်ကြီးများထံ  သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် (၁၃) ကြိမ်မြောက် မဟာဘုံကထိန် အောင်ပွဲအခမ်းအနား အောင်မြင်စွာပြီး‌မြောက်ခဲ့ကြပါသည်။ 

ထို့နောက် သံဃာတော် အရှင်သူမြတ်များကို ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဆရာ၊ ဆရာမများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးတို့၏ ကထိန်လှူဒါန်းမှုများမှာ ပစ္စည်းနှင့် ဝတ္ထုငွေသားတန်ဖိုး စုစုပေါင်း ငွေကျပ်(၉,၄၆၁,၆၀၀/-)တိတိ ဖြစ်ပါသည်။

 


No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
2 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
3 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
4 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
7 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
9 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
10 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing