UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများဟောပြောပွဲအခမ်းအနား

Administration
31-January-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများဟောပြောပွဲအခမ်းအနား

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ဘွဲ့နှင်းသဘင်ခန်းမ၌ (၃၀-၁-၂၀၂၅)ရက်နေ့  နံနက် (၁ဝး၀၀) နာရီ အချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာမကြီး၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊သင်ကြားရေး ဌာနများမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန)များမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန၊ သစ်တောဉီးစီးဌာန၊ အပူပိုင်းစိမ်းလန်းစိုပြေရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားတွင် ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား/သူများ စိတ်ဝင်စားမှုမြှင့်တင်ပေးရန် တက္ကသိုလ်အနေဖြင့် တာဝန်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ကျောင်းသား/ သူများ၏ ပါဝင်မှုသည် လွန်စွာအရေးကြီးကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ရာသီဉတုဖောက်ပြန်မှုကြောင့် အယ်နီညိုဖြစ်ပေါ်နိုင်သည့် အခြေအနေများရှိကြောင်း၊ အယ်နီညို ဖြစ်ပေါ်မှုကြောင့် မိုးရွာသွန်းမှုမမှန်ခြင်း၊ နေ့အပူချိန်များမြှင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်း၊ မိုးခေါင်ရေ ရှားခြင်း၊ သဘာဝဘေးအန္တရာယ်များ ၊ မီးခိုးမြူငွေ့အန္တရာယ်များစသည့် အကျိုးဆက်များကို သိစေလိုကြောင်း၊ လူငယ်ကဏ္ဍမှ သဘာဝပတ်ဝန်းကျင်အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် အနာဂတ်ကာလနှင့် အနာဂတ် မျိုးဆက်များအတွက် သက်တမ်းရှည်လျားသော ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရန်” ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိကျော်မှ “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူငယ်ဆိုင်ရာကဏ္ဍ”၊ သစ်တောဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးရဲထက်အောင်မှ “သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးအကြောင်း”၊ အပူပိုင်းစိမ်းလန်းစိုပြေရေးဉီးစီးဌာနမှ “ထင်းအစား အခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး”၊ ဦးစီးအရာရှိ ဒေါ်ထက်ယမင်း အောင်က “မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှာ့ချရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း  သိကောင်း စရာများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပါသည်။ 
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ဉီးစီးရုံးချုပ်မှ ပေးပို့လာသော မီးခိုးမြူငွေ့လျော့ချ ရေး နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ PM 2.5 အကြောင်း အသိပညာပေး Video Clip ပြသပြီး ကျောင်းသား/ သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများ မဲနှိုက်မေးမြန်းခြင်း ၊ အသိပညာပေး လက်ကမ်း စာစောင်များမျှဝေခြင်း၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အစီအစဉ်များ ကျင်းပပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
2 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
4 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
7 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
8 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing