UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

Administration
31-January-2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၃.၁.၂၀၂၅) ၊နံနက် (၉း၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ် နှစ်ရပ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။  
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူး များ၊ သက်ဆိုင်ရာသင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံ ညီညီ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားအစီအစဉ်အရ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများမှ ဆရာ၊ ဆရာမများအား မြတ်ဆရာသီချင်းနှင့် ဦးစွာ သီဆိုဖျော်ဖြေပြီးနောက် ကန်တော့ချိုးဖြင့် လက်ဆယ်ဖြာထိပ်မှာမိုး၍ ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဆရာမကြီး ‌မှ “စျေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နေသော နိုင်ငံဖြစ်သည့်နှင့်အညီ MSME လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများက ကျယ်ပြန့်အောင်မြင်လာသည်နှင့်အမျှ စာရင်းသဘောတရား နားလည်သူများ၊ စာရင်းကိုင်များ၊ စာရင်းစစ်များ၊ ဘဏ္ဍာရေးပညာတတ် ကျွမ်းကျင်သူများ၏ အခန်း ကဏ္ဍာမှာလည်း ပိုမိုအရေးကြီးလာကြောင်း၊ စီးပွားရေးစနစ်တစ်ရပ်၏ အခြေခံအုပ်မြစ်ဖြစ်သည့် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများ၊ နိုင်ငံ၏ Budget ရေးဆွဲခန့်မှန်းရာတွင် အသုံးဝင်သော၊ မရှိမဖြစ်လိုအပ်သော ဘာသာရပ်ဖြစ်သည့်အတွက် ကြိုးစားလေ့လာ သင်ယူစေလိုကြောင်း၊ ကုမ္ပဏီများ၊ ဘဏ်လုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများတွင် NGO၊ INGO များ၊ Microfinance လုပ်ငန်းများတွင် အလုပ်အကိုင်ကောင်းများ ရရှိနိုင်နိုင်မည့်အပြင် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာမေဂျာသည် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်း CPA အား တိုက်ရိုက်တက်ရောက်ခွင့် ရရှိနိုင်ကြောင်း၊ ရည်မှန်းချက်ပြင်းပြင်းထားပြီး ဇွဲ၊ လုံလ၊ ဝီရိယအပြည့်နှင့် Head, Heart, Hand, Hear, Hardworking ဆိုသည့် Skill များနှင့်အညီ ကြိုးစားနေထိုင်သွားကြရန်၊ ဂါရဝတောစ၊ နိဝါတောစ ပူဇော်ထိုက်သူများကို ပူဇော်ရသည့် အကျိုးကြောင့် အသက်ရှည် အဆင်းလှပြီး ကောင်းကျိုးလိုရာဆန္ဒများနှင့် ပြည့်ပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ”ဟု ဆုတောင်းသြဝါဒ အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဝါဏိဇ္ဇဗေဒဌာန ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု စတုတ္ထနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ဒုတိယနှစ်ကျောင်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ မေဂျာဂုဏ်ဆောင် ကျောင်းသား/ ကျောင်းသူများနှင့် အားကစားထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ ဝါဏိဇ္ဇဗေဒဌာန ပါမောက္ခ(ဌာနမှူး)နှင့် တွဲဖက်ပါ‌မောက္ခများမှ ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝါဏိဇ္ဇဗေဒဌာန စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု King and Queen, People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်းနှင့် ဖျော်ဖြေရေးအဖွဲ့များ က အဆို အကအလှများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ပါသည်။
ထို့နောက် မယ်သစ်လွင်(Queen)ရရှိသူအား ပါမောက္ခချုပ်မှ စလွယ်နှင့် အမှတ်တရ လက်ဆောင်ကိုလည်းကောင်း၊ မောင်သစ်လွင်(King) ရရှိသူအား ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ လည်းကောင်း အသီးသီး ပေးအပ်ခဲ့ပြီး မောင်သစ်လွင် (King) ရရှိသူနှင့် မယ်သစ်လွင် (Queen)ရရှိသူ တို့အား ယခင်နှစ် King နှင့် Queen တို့မှ စလွယ်နှင့် သရဖူတို့အား လွှဲပြောင်း ခဲ့ပါသည်။ ဆက်လက်၍ People Choice Boy and Girl ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရ လက်ဆောင်တို့ကို ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)နှင့် တွဲဖက်ပါမောက္ခတို့မှ ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီး‌မြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်‌ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့မှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခြင်း 4/29/2025 11:12:38 PM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ၂၈-၃-၂၀၂၅နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်၏ အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း 4/29/2025 11:11:33 PM News
3 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ 2025 Job Fair အခမ်းအနားကျင်းပ 4/29/2025 11:05:13 PM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/19/2025 10:18:20 PM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ 3/10/2025 10:35:21 PM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ 3/2/2025 10:50:24 PM News
7 ဒုတိယစာရင်းစစ်မှူးနှင့်လက်ထောက်စာရင်းစစ်မှူးခေါ်ယူခြင်း 2/14/2025 4:09:58 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/12/2025 10:13:11 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ 2/10/2025 3:48:01 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/10/2025 3:46:29 AM News
12345678910...

© 2025 - University of Co-Operative and Management, Sagaing