UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဆန္ဒဖော်ထုတ်ပွဲ (၁/၂၀၂၅) အခမ်းအနားကျင်းပ

Administration
07-January-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဆန္ဒဖော်ထုတ်ပွဲ (၁/၂၀၂၅) အခမ်းအနားကျင်းပ


07 Jan,2025

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆန္ဒဖော်ထုတ်ပွဲ (၁/၂၀၂၅) အခမ်းအနား ကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၇.၁.၂၀၂၅)ရက်၊ နေ့လည် (၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဥမ္မာစံ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ကထိကဌာနမှူးများ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ စုံစုံညီညီတက် ရောက်ခဲ့ပါသည်။ 
အဆိုပါအခမ်းအနား၌ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီက အမှာစကားပြောကြားရာတွင် “ကျောင်းဖွင့်လှစ်မှု အခြေအနေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်နေသူ ကျောင်းသား/သူစုစုပေါင်း (၁၃၇၃) ဦးရှိပါကြောင်း၊ Activities များအနေဖြင့် ၂၀၂၄-၂၀၂၅ခုနှစ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးပြိုင်ပွဲတွင် တက္ကသိုလ်အနေဖြင့် ပထမရွှေတံဆိပ်ဆုကို ရရှိခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကိုလည်း (၂၇.၁၂.၂၀၂၃) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ ဘွဲ့ရဦးရေ(၂၄၆)ဦးကို ဘွဲ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ မေဂျာများ၏ Fresher Welcome နှင့် အာစရိယပူဇော်ပွဲများကျင်းပပြုလုပ်ရန်ရှိကြောင်း၊ သင်ကြားရေးပိုင်း ဆရာ/ဆရာမများအနေဖြင့် အတန်းမှန်မှန်ဝင်ရန်၊ အတန်းမဝင်ခင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်၊ ဌာနမှူးများအနေဖြင့် Lesson Plan အတိုင်း ဝင်၊ မဝင်ကို Check ပြုလုပ်ရန်၊  မိမိသင်နေတဲ့ Subject ၏ Learning Outcome နှင့် Base Education ရသည်အထိ သင်ကြားပေးရန်၊ Tutorial Assignment တွေများအား သတ်မှတ်ချိန်အတိုင်း ပြင်ဆင်ရန်လိုပါကြောင်း၊ HRD အတန်းများ၏ အာစရိပူဇော်ပွဲနှင့် တွေ့ဆုံပွဲများကို ကျင်းပခဲ့ပြီး Master Programme များ၏ Title Defense များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်တည်ထောင်သည့် (၁၃)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဖတ်ကြားမည့် သုတေသနစာတမ်းများကို စိစစ်ဆောင်ရွက်လျှက် ရှိကြောင်း၊ KOMYRA Research Journal တွင် တက္ကသိုလ်မှ စာတမ်း (၈) စောင်တင်သွင်းထားပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအနေဖြင့် တက္ကသိုလ်ရှိ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအတွက် ဆန်နှင့်ဆီများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိအရည်အသွေးတိုးတက်‌အောင် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်၊ လေ့လာရမည်၊ လုပ်ငန်းအကြောင်း နားလည်အောင်လုပ်ရမည် ဖြစ်ပါကြောင်း၊ ဆရာ/ဆရာမ ဝန်ထမ်းများ အနေဖြင့် ပြောဆိုပြုမှု ဆက်ဆံရာမှာ ကိုယ်အမူအယာ၊ နှုတ်အမူအယာ ယဉ်ကျေးသိမ်မွေ့ရန်၊ ရာထူးအရ ပြောဆို ဆက်ဆံတဲ့အခါ ယဉ်ကျေးရန်၊ လေးစားရန်၊ လူမှုကျင့်ဝတ်တွေကို နားလည်ရန် လိုအပ်ပါကြောင်း" ပြောကြားခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများသည် တက္ကသိုလ်နှင့် မိမိ၏ တိုးတက်ရာ တိုးတက်ကြောင်းကို အမြဲဆောင်ရွက်ရန်၊ Good Habit, Good Attitude, Good Behavior တွေ ပိုင်ဆိုင်ထားရန်၊ လုံခြုံရေးနှင့် လုံခြုံရေးသတင်း ပေါက်ကြားမှုများမရှိရေး အထူးဂရုပြုရန်လိုပါကြောင်း၊ “၂၀၂၅ ခုနှစ်မှာ ဝန်ထမ်းမိသားစုများအားလုံး ကံကောင်းခြင်းများ ယူဆောင်လာတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေကြောင်း ၊ စိတ်သစ်၊ လူသစ်၊ လုပ်ငန်းသစ်များကို ပိုင်ဆိုင်ရင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ" ဟု ဆုမွန်ကောင်းတောင်း၍ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ညနေ(၃:၄၀)နာရီတွင်အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/23/2026 7:57:19 PM News
2 လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/22/2026 7:26:38 PM News
3 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/21/2026 4:14:10 AM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ 7/21/2026 2:36:43 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:35:20 AM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:34:03 AM News
7 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
8 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
9 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing