UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ပထမနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား

Administration
13-September-2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ပထမနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား
<><><><><><><><><>

* တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ *

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၂.၉.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁၀:၀၀) နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

  

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း (ဒုတိယပါမောက္ခချုပ်(စီမံ))၊ ဒေါက်တာဥမ္မာစံ(ဒုတိယပါမောက္ခချုပ်(သင်ကြား))၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာ ဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ကထိက(ဌာနမှူး)များ ၊သက်ဆိုင်ရာသင်ကြားရေးဌာန များမှ ဆရာဆရာမများ၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ ကြပါသည်။

အစီအစဉ်အရ တက်ရောက်လာကြသော ဆရာကြီး/ဆရာမကြီးများကို ကျောင်းသား/ကျောင်းသူ များက ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကန်တော့ပစ္စည်းများအား အသီးသီး လက်ဝယ် အရောက် ပေးအပ်ခဲ့ကြပါသည်။

  

ထို့နောက် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီမှ ဆရာ/ဆရာမများသည် မိမိတို့၏ ကျောင်းသား/သူများကို ပညာဉာဏ်ဖြင့် ဝေဖန်၊ ပိုင်းခြား၊ စဉ်းစား၊ ဆင်ခြင်၊ သိမြင်တတ်စေရန် ၊ အမှား/ အမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးများကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပညာဉာဏ်ဖြင့် ဆုံးဖြတ် တတ်စေရန်၊ အလင်းပြပေးသော ဆရာသမားများ၏ ဂုဏ်ကျေးဇူးကြီးမားပုံ၊ ဆရာဆိုသည်မှာ အနန္တောအနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သောကြောင့် ‘ပူဇာစ ပူဇနေယျာနံ’ ဟူသော မင်္ဂလာတရားတော်နဲ့အညီ ပူဇော်ထိုက်သူကို ပူဇော်ရခြင်းသည် မိမိတို့၏ဘဝခရီးလမ်းတွင် လမ်းမှန်ရပ်တည်မှု၊ ညီညွတ်မှုနှင့် တည်ငြိမ်မှုတို့ကို ဖြစ်ပေါ်စေပြီး အနာဂတ် အောင်မြင်ရေးလမ်းကြောင်းပေါ်တွင် မှန်ကန်အောင် တည့်မတ်ပေးသူများဖြစ်၍ ကျေးဇူးကြီးမားပါကြောင်း၊ ကျောင်းသားကျောင်းသူများအတွက် ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ပြီး ယဉ်ကျေးလိမ္မာ၍ စည်းကမ်းလိုက်နာသော အမျိုးကောင်းသား/အမျိုးကောင်းသမီးများ ဖြစ်ကြပါစေကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြတ်သော လူတော်/လူကောင်း ဖြစ်ကာ မိမိတက္ကသိုလ် ၊ မိမိဒေသ၊ မိမိနိုင်ငံအတွက် အားထားရသည့် ဘွဲ့ရမောင်မယ်များ ဖြစ်ကြပါစေကြောင်း ဆုပေးစကားများ ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ပါမောက္ခချုပ်ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်ဆရာကြီး/ဆရာမကြီးများမှ ဆုရကျောင်းသူ/ကျောင်းသားများအား ထူးချွန်ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ ပါသည်။

  

ဆက်လက်၍ ပါမောက္ခချုပ်ဆရာမကြီးနှင့်တကွ တက်ရောက်လာကြသော ဆရာ/ဆရာမများ အား ပထမနှစ် ကျောင်းသား/ကျောင်းသူများမှ ရေခဲမုန့်ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
2 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
3 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
4 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
7 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
9 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
10 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing