UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

"ပြည်ထောင်စုဝန်ကြီးဖလား " အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကိုယ်စားပြုဘောလုံးအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

Administration
11-September-2024

"ပြည်ထောင်စုဝန်ကြီးဖလား " အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကိုယ်စားပြုဘောလုံးအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သည် ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော ကိုယ်စားပြု ဘောလုံးအားကစားသမားများကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တက္ကသိုလ်ကိုယ်စားပြု ဘောလုံးအားကစားသမားများနှင့် ဘောလုံးနည်းပြများသည် တက္ကသိုလ်၏ Main Building ရှေ့မှ ပထမဆုဝန်ကြီးဖလားနှင့်အတူ တက္ကသိုလ်အလံကိုလွှင့်တင်၍ စီတန်း လှည့်လည်ခဲ့ကြပါသည်။ 

ထိုသို့ စီတန်းလှည့်လည်ပြီး အောင်ပွဲခံဝင်ရောက်လာမှုကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဦးဝင်းနိုင်ထွန်း(ဒုတိယပါမောက္ခချုပ်(စီမံ))၊ဒေါက်တာဥမ္မာစံ( ဒုတိယပါမောက္ခချုပ်(သင်ကြား))၊  သင်ကြား၊/စီမံ/သုဖွံ့ ဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခဌာနမှူးများ၊ ဒုဌာနမှူးများ၊ကထိကဌာနမှူးများ၊ ဆရာ၊ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများမှ နွေးထွေးလှိုက်လှဲစွာဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

တက္ကသိုလ်ကိုယ်စားပြု ‌ဘောလုံး အားကစားသမားများအား အထူးပြုဘာသာရပ်များ၏Major Queen Selection ကျောင်းသူများမှ ကြိုဆိုပန်းကုံးစွပ်ပေးခဲ့ကြပါသည်။ 

ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ဂုဏ်ပြုစကားပြောကြားရာတွင် ဤပြိုင်ပွဲအား ဦးစီးကျင်းပပေးခဲ့သော ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဖလားပြိုင်ပွဲ၌ သမဝါယမဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့ ယှဉ်ပြိုင်ကြရာတွင် အုပ်ချုပ်သူ ဆရာ/ဆရာမများ၊ ဘောလုံးနည်းပြဆရာကြီးများ၏ အနီးကပ် စနစ်တကျကြီးကြပ်မှုနှင့် တက္ကသိုလ်မိသားစုဝင်များ၏ တခဲနက်အားပေးမှုများကြောင့် ပထမဆုကို ရရှိခဲ့ကြသည်မှာ ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ သင်ယူမှု၊ စည်းကမ်းရှိမှု၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အချင်းချင်း စည်လုံးညီညွှတ်မှုများကြောင့် ယခုလို အောင်မြင်မှုများရရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ အားကစားသမားများ၏ ဆက်လက် ကြိုးပမ်းမှုများဖြင့် အမိတက္ကသိုလ်၏ ဂုဏ်ကို မြင့်မားစွာ ထိန်းသိမ်းနိုင်ကြမည်ဟု ယုံကြည်မိကြောင်း၊ ဤအားကစားပြိုင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဖလားရရှိခဲ့ခြင်းမှာ  အသင်းစွမ်းဆောင်ရည်၊ အသင်းလိုက် ကစားနည်းစနစ်ကောင်းမွန်ခြင်း၊ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝခြင်း၊ အသင်းဝင်များ၏ အချိန်မှန်လေ့ကျင့်မှု၊ စိတ်ဓာတ်ကြံခိုင်မှုနှင့် အလေးအနက်ထားမှု၊ ကစားသမားတစ်ဦးစီ၏ အရည်အချင်းများ၊ စည်းကမ်းလိုက်နာမှုများကြောင့် ပထမဆု ရရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဤအောင်မြင်မှုများကိုလည်း ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ အခမ်းအနားကို တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံပါစေကြောင်း ဆုမွန်ကောင်းနှင့်အတူ ပွဲစဉ်တလျှောက်လုံး အနီးကပ်ကြီးကြပ်ခဲ့သည့် အုပ်ချုပ်သူများ၊ ဘောလုံးနည်းပြများ၊ လက်ထောက်နည်းပြများ၊ ဆရာကြီး၊ဆရာမကြီးများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားတွင်သာမက ဘက်စုံကျွမ်းကျင်ပြီး အဆင့်မြင့်ပညာများကို ကြိုးစားသင်ယူရင်း အနာဂတ်တွင် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အုပ်ချုပ်သူ၊ ဘောလုံးနည်းပြများနှင့် တက္ကသိုလ်ကိုယ်စားပြုဘောလုံးသမားများမှ ပထမဆုဝန်ကြီးဖလားအား ပါမောက္ခချုပ်ထံသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး ပါမောက္ခချုပ်ဆရာမကြီးမှလည်း အားကစားသမားများအား တစ်ဦးချင်းဆီအလိုက် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အသင်းအုပ်ချုပ်သူမှ အားကစားပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ထောက်ပံ့ကူညီခဲ့သူများအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။ 

ဆက်လက်၍တက္ကသိုလ်ကိုယ်စားပြု ဘောလုံးအားကစားသမားများအား ပါမောက္ခချုပ်ကြီးနှင့်တကွ တာဝန်ရှိသူများက ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

 

 

 

 

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း 9/28/2026 3:55:11 AM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ 9/28/2026 2:19:24 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
4 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
5 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
7 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
8 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
9 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
10 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing