“သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ အခြေခံငါးမွေးမြူရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲ”
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၅.၇.၂၀၂၄) ရက် နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အခြေခံငါးမွေးမြူရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်းနှင့် သုတေသန နှင့် ဖွံ့ဖြိုးမှုဌာန) တို့ မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စစ်ကိုင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး၊ ဦးမြင့်လေး၊ ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာန နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက် ငါးမွေးမြူရေးလုပ်ငန်းသည် အရေးပါသည့်အပြင် စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အပံ့တစ်ခုဖြစ်သည့်အတွက် ငါးမွေးမြူရေး အခြေခံအသိပညာများကို လက်တွေ့ အသုံးချနိုင်အောင် လေ့လာမှတ်သား၍ ဘတ်စုံထူးချွန်ပြီး တက္ကသိုလ်မှ အားထားရသည့် လူချွန်လူကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တိုက် တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းခရိုင်၊ ငါးမွေးမြူရေးဦးစီးဌာနမှ ခရိုင်ဦးစီး ဌာနမှူး ဦးရဲထွန်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူးမှ အခြေခံငါးမွေးမြူရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနား တက်ရောက်လာသူများမှ သိလိုသည်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် နေ့လည်(၁၁းဝဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ”
|