သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီအားကစား(ဖူဆယ်)ပြိုင်ပွဲ ပိတ်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီ အားကစား(ဖူဆယ်)ပြိုင်ပွဲပိတ်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ် ဘောလုံး ကွင်း၌ (၂၃.၇.၂၀၂၄)ရက်နေ့ ညနေ (၁၅း၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်း အနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိက များ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသန နှင့် ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူး များ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများစုံစုံ ညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် အနိုင်မခံအရှုံးမပေးဖြင့် အသင်းအဖွဲ့စိတ်ဓါတ် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့်အတွက် စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် မျိုးချစ်စိတ်ဓါတ်များ ရှင်သန်ပေါက်ဖွားပြီး နိုင်ငံတော်မှ အားထားရသည့် မိမိတက္ကသိုလ်ရဲ့ဂုဏ်ကို ဆောင်နိုင်သော ပြည်သူများကို အလုပ်အကျွေးပြု နိုင်သည့် ဗလ(၅)တန်နှင့် ပြည့်စုံသော စွမ်းရည်ပြည့်ဝသော စီးပွားရေးပညာရှင်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဆုရရှိသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အသင်းများနှင့် ဘောလုံး(ဖူဆယ်)ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အမျိုးသား ဘောလုံးအသင်းများကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ဒုတိယ ပါမောက္ခချုပ် (သင်ကြား)နှင့် ပါမောက္ခ ဌာနမှူးများမှ ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
|