UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

တက္ကသိုလ်ဝင် ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနား

Administration
22-July-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
တက္ကသိုလ်ဝင် ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနား
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၇.၂၀၂၄)ရက်နေ့ ညနေ (၃း၃၀)နာရီ အချိန် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်ဝင် ဂုဏ်ထူးရ ကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း နှင့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီ၊ ဒုတိယပါ‌မောက္ခချုပ်(စီမံ)၊ ဒုတိယပါ‌မောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းသား/သမီးများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် ဘက်စုံထူးချွန် ထက်မြတ်ပြီး မိဘဆရာကျေးဇူးသိတတ်သော အနာဂတ်တွင် တိုင်းပြည်မှ အားကိုးအားထားရ သည့် သားကောင်းသမီးကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီးနောက် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ(၅)ဦး၊ တက္ကသိုလ်ဝင် ဂုဏ်ထူးရ ကျောင်းသားတစ်ဦး၊ Grade 12 (၂)ဦး၊ Grade 11 (၄)ဦး၊ Grade 10 (၁)ဦး၊ Grade 9(၄)ဦး၊ Grade 7(၄)ဦး၊ Grade 6(၈)ဦး၊ Grade 5 (၃)ဦး၊ Grade 4 (၁၄)ဦး၊ Grade 3 (၁၀)ဦး၊ Grade 2 (၈)ဦး၊ Grade 1 (၁၄)ဦး၊ KG (၁၅)ဦး စုစုပေါင်း(၉၁)ဦး တို့အား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါ‌ မောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့မှ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ များကို အသီးသီး ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူ မိဘတစ်ဦးမှ ကျေးဇူး တင်စကား ပြောကြခဲ့ပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

  

 

  

 

 

No. First Image Title Uploaded Date Type
1 ဒုတိယနှစ် အထူးပြုမေဂျာအလိုက် တက်ရောက်ခွင့်ရရှိသူများစာရင်း‌ ကြေညာခြင်း 11/11/2025 10:34:11 PM News
2 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း ကြေညာချက် 11/11/2025 4:05:33 AM News
3 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းစတင်ဖွင့်လှစ်မည့်ရက်နှင့် ကျောင်းအပ်လက်ခံမည့်ရက် ကြေညာခြင်း 11/11/2025 4:01:01 AM News
4 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တတိယနှစ်သင်တန်း အောင်မြင်သူများစာရင်း ကြေညာချက် 10/31/2025 12:01:11 AM News
5 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်သင်တန်း အောင်မြင်သူများစာရင်း ကြေညာချက် 10/30/2025 11:50:15 PM News
6 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းကြေညာချက် 10/30/2025 11:39:00 PM News
7 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းဒုတိယနှစ်သင်တန်း သုတေသနကျမ်းပြုခွင့်ရရှိသူများစာရင်း 10/30/2025 11:26:55 PM News
8 ကထိန်သင်္ကန်းဆပ်ကပ် လှူဒါန်းခြင်း အခမ်းအနား 10/30/2025 11:13:38 PM News
9 အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ အတွင်းရေးမှူးချုပ်ရုံးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် Webinar ကျင်းပပြုလုပ် 10/17/2025 4:23:37 AM News
10 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေး 10/10/2025 3:30:19 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing