UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

တက္ကသိုလ်ဝင် ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနား

Administration
22-July-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
တက္ကသိုလ်ဝင် ဂုဏ်ထူးရကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနား
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၇.၂၀၂၄)ရက်နေ့ ညနေ (၃း၃၀)နာရီ အချိန် ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်ဝင် ဂုဏ်ထူးရ ကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း နှင့် ဝန်ထမ်းသား/သမီးများကို ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီ၊ ဒုတိယပါ‌မောက္ခချုပ်(စီမံ)၊ ဒုတိယပါ‌မောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းသား/သမီးများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် ဘက်စုံထူးချွန် ထက်မြတ်ပြီး မိဘဆရာကျေးဇူးသိတတ်သော အနာဂတ်တွင် တိုင်းပြည်မှ အားကိုးအားထားရ သည့် သားကောင်းသမီးကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီးနောက် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူ(၅)ဦး၊ တက္ကသိုလ်ဝင် ဂုဏ်ထူးရ ကျောင်းသားတစ်ဦး၊ Grade 12 (၂)ဦး၊ Grade 11 (၄)ဦး၊ Grade 10 (၁)ဦး၊ Grade 9(၄)ဦး၊ Grade 7(၄)ဦး၊ Grade 6(၈)ဦး၊ Grade 5 (၃)ဦး၊ Grade 4 (၁၄)ဦး၊ Grade 3 (၁၀)ဦး၊ Grade 2 (၈)ဦး၊ Grade 1 (၁၄)ဦး၊ KG (၁၅)ဦး စုစုပေါင်း(၉၁)ဦး တို့အား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါ‌ မောက္ခချုပ် (စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)တို့မှ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ များကို အသီးသီး ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူ မိဘတစ်ဦးမှ ကျေးဇူး တင်စကား ပြောကြခဲ့ပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

  

 

  

 

 

No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
2 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
3 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
4 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 11:13:26 PM News
5 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 10:06:37 PM News
6 တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ(စစ်ကိုင်းဇုန်)ကျင်းပ 8/3/2026 9:50:37 PM News
7 သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/30/2026 10:08:43 PM News
8 (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ 7/30/2026 4:04:21 AM News
9 ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/24/2026 4:23:29 AM News
10 စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/23/2026 7:57:19 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing