UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ

Administration
04-July-2024

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများ

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကို နေပြည်တော် Myanmar International Convention Center (2) တွင် (၂၅.၆.၂၀၂၄)မှ (၂၇.၆.၂၀၂၄)ထိ ကျင်းပခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သည် တက္ကသိုလ်၏ လုပ်ငန်းစဉ် ဆောင်ရွက်ချက်များအတွက် ပြခန်းဖွင့်လှစ်ပြသခဲ့ပြီး (၂၆.၆.၂၀၂၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် စာတမ်းဖတ်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီမှ  ထုတ်လုပ်မှုကို အားပေးသော သက်မွေးပညာ Session (3)တွင် တွဲဖက်သဘာပတိ(Co- Chair) ဆောင်ရွက်ခြင်းနှင့် စာတမ်းဖတ်ကြားခြင်းတို့ကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ 

ပြခန်းဆိုင်ရာလုပ်ငန်းစဉ်များ၊ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်မှုများ၊ စာတမ်းဖတ်ကြားခြင်းများအတွက် ပါမောက္ခချုပ် ဆရာမကြီးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်း စုစုပေါင်း (၁၄)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။

  

၎င်းပြခန်းတွင် တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ကာလတို၊ ကာလရှည်‌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များဖြစ်သော တက္ကသိုလ်၏ အထူးပြုဘာသာရပ်ပိုင်းဆိုင်ရာ Subject Matters များ၊ တက္ကသိုလ်၏ နှစ်စဉ် လှုပ်ရှားမှုဆောင်ရွက်ချက်များ၊ ပြည်တွင်းပြည်ပ သုတေသနစာတမ်းဖတ်ပွဲများ၊ တက္ကသိုလ်မှ ဆရာ/ဆရာမများ ပါဝင်ရေးသားထုတ်‌ေဝခဲ့သည့် Local and International  journal စာစောင်များ၊ Korea Myanmar Research Association(KOMYRA)နှင့် MoU Signing Ceremony များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များအသင်း(၂၀၂၄) မှ ပေးအပ်သည့် စီမံခန့်ခွဲမှုပညာဘာသာရပ် စာတမ်း(၆)စောင်အနက် ပထမဆု၊ ဝါဏိဇ္ဇဗေဒပညာရပ်စာတမ်း (၈)စောင်အနက် ပထမဆု စာတမ်းများနှင့် ဆုတံဆိပ်များ၊ Vocational Training Programs များ၊ Non-Government and Government အဖွဲ့အစည်းများနှင့် တက္ကသိုလ်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ သက်မွေးပညာသင်တန်းကျောင်းများအတွက် အထောက်အကူပြု Programs ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အထူးပြု ဘာသာရပ်ဌာနကြီးများမှ ဆရာ/ ဆရာမများ၏ သုတေသနစာတမ်းများ၊ မဟာဘွဲ့စာတမ်းများ၊ တက္ကသိုလ်၏ Referencing Books များ၊ ပညာသင်နှစ်အလိုက် တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများ၊ MBA, MPA, MAR သင်တန်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ၊ Job Fair များ နှစ်စဉ်ကျင်းပနေမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိနေမှု အခြေအနေမှတ်တမ်းများကို Lightbox, LCD Display Systemများဖြင့် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ကြပါသည်။ ညီလာခံသို့ တက်ရောက်လာကြသူအသီးသီးမှ စိတ်ဝင်တစား သိရှိလိုသည့် Programs များနှင့် သိလိုသော အကြောင်းအရာ မေးမြန်းမှုများကိုလည်း တာဝန်ရှိသူအသီးသီးမှ စနစ်တကျ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။   

  

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)၏ ဆောင်ပုဒ်မှာ “လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကို ပိုမိုမြှင့်တင်ပေး” ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံစာတမ်းဖတ်ပွဲကို (၂၆.၆.၂၀၂၄)ရက်နေ့က ကျင်းပခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ Parallel session (3) ထုတ်လုပ်မှုကို ဦးစားပေးသော သက်မွေးပညာတိုးတက်ရေးတွင် Co-Chairperson အဖြစ် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် စာရင်းအင်းပညာဌာနမှ ဒေါက်တာချောအိအိထွန်း၊ (ပါမောက္ခ)မှ “တီထွင်ဆန်းသစ်မှုသို့ ဦးတည်သော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့ပါသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
3 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
5 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
6 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
7 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 11:13:26 PM News
8 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 10:06:37 PM News
9 တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ(စစ်ကိုင်းဇုန်)ကျင်းပ 8/3/2026 9:50:37 PM News
10 သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/30/2026 10:08:43 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing