သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊(စစ်ကိုင်း)အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အကြိုစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ ================ ================
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၀.၆.၂၀၂၄)ရက်နေ့ နေ့လည်ပိုင်းက (၆.၇.၂၀၂၄)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အကြို “လူမှုစီးပွားမြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူများ ဝင် ရောက်ဖြေဆိုခဲ့ကြပါသည်။
အဆိုပါစာေမးပွဲကျင်းပေနသည့်အခြေအနေအား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ ဦးဆောင်၍ ဦးငွေမိုးထွန်း(သင်တန်းရေးရာဌာနမှူး)၊ ဒေါ်အေးစိုးဝင်း(တွဲဖက်ပါမောက္ခ၊ဌာနမှူး၊မြန်မာစာဌာန) နှင့် မော်ကွန်းထိန်းတို့က လှည့်လည်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြပါသည်။
အပြည်ပြည် ဆိုင်ရာ သမဝါယမနေ့အကြို “လူမှုစီးပွားမြှင့်တင်ဖို့ ပူးပေါင်းဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။
|