UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

MBA, MPA and MAR Online Classes Second Batch ဖွင့်ပွဲအခမ်းအနားကျင်းပ

Administration
04-June-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်းများ MBA, MPA and MAR Online Classes Second Batch ဖွင့်ပွဲအခမ်းအနားကျင်းပ

===================================================

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု သင်တန်းများ Master of Business Administration, Master of Public Administration and Master of Applied Research သင်တန်းများ၏ Second Batch အတွက် Online Classes ဖွင့်ပွဲအခမ်းအနားကို Conference Room၌ (၂.၆.၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ Program Director များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူးများ တက်ရောက်ခဲ့ကြပြီး ပြင်ပပညာရှင် များဖြစ်သည့် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း)နှင့် မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဒေါ်ရီအေး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) စာရင်းအင်းပညာဌာန ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့်၊ ဒေါက်တာချိုချိုဝေ(Principle, HRM Management Institute, Yangon)၊ နှင့် သင်တန်းသား၊ သင်တန်းသူ(၃၅၆) ဦးတို့မှ Zoom ဖြင့် Online မှ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် Master of Business Administration, Master of Public Administration and Master of Applied Research သင်တန်း အသီးသီးတွင် သင်ရိုးမာတိကာများမှာလည်း ခေတ်စနစ်နှင့်အညီ လိုအပ်သော ဘာသာရပ်များကို ပြင်ပပညာရှင် ဆရာကြီး၊ ဆရာမကြီးများနှင့် စနစ်တကျ ပြုစုထားပါကြောင်း၊ သင်တန်းများကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များဖြစ်သည့် MBA သင်တန်းဖွင့်ရခြင်းမှာ စီးပွားရေး နယ်ပယ်တွင် ကျင့်ဝတ်နှင့်အညီ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များကို လက်တွေ့အသုံးချပြီး ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများတွင် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေ ရန်၊ MPA သင်တန်းဖွင့်ရခြင်းမှာ နိုင်ငံတော်ကဏ္ဍအသီးသီးတွင် ခေတ်စနစ်အရ တိုးတက် ပြောင်းလဲမှု နှင့်အညီ လိုအပ်လျက်ရှိသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာတတ် လူ့စွမ်းအား အရင်းအမြစ်များ ပေါ် ထွန်းလာရန်၊ MAR သင်တန်းဖွင့်ရခြင်းမှာ သုတေသနများကို စနစ်တကျလုပ်ဆောင်နိုင်လာပြီး တွေ့ရှိချက် အသစ်များကို ဖော်ထုတ်နိုင်စွမ်းရှိသည့် သုတေသနပညာရှင်များ မွေးထုတ်ပေးနိုင်ရန်နှင့် သုတေသန တွေ့ရှိချက်များကို အခြေခံ၍ လေ့လာနေသည့် နယ်ပယ်အသီးသီးအတွက် မှန်ကန်ထိရောက်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ထားသောကြောင့် သင်တန်းများကို တက်ရောက်ရသည့်အတွက် စီမံခန့်ခွဲနိုင်မှုစွမ်းရည်နှင့် ဦးဆောင်နိုင်မှု စွမ်းရည်များ၊ စဉ်းစားတွေးခေါ်နိုင်မှု အရည်အသွေးများ တိုးပွားလာနိုင်ခြင်း၊ ခေတ်စနစ်အရ တိုးတက် ပြောင်းလဲဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခြင်း၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်သည့် စွမ်းရည်၊ ထိရောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝသော ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်မည့် အရည်အသွေးများ မြင့်မားလာခြင်း၊ စူးစမ်းလေ့လာ တွေး‌ခေါ်ဆုံးဖြတ်တတ်လာသော သုတေသန ဉာဏ်ပညာများနှင့်အတူ သက်ဆိုင်သည့် နယ်ပယ်အဖွဲ့ အစည်းများတွင် အချိန်နှင့်တပြေးညီ ထိရောက်၍ အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ် များအနေဖြင့် ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်ခြင်းတို့ကို ပိုင်ဆိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလ(၂)နှစ်တာအတွင်း မိမိတို့၏ အတွေ့အကြုံများကို ဖလှယ်ကြရန်၊ လေ့လာကြရန်၊ ဆည်းပူးကြရန်၊ ဆွေးနွေးကြရန်၊ ကြိုးစားသွားကြရန်နှင့် စာများများဖတ်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် သင်တန်းသူ၊ သင်တန်းများအားလုံးကို တက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်အမှာစကားကြားခဲ့ပါသည်။

  

ဆက်လက်၍ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်(ငြိမ်း)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာဒေါ်ရီအေး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) စာရင်းအင်းပညာဌာန ပါမောက္ခ၊ ဌာနမှူး(ငြိမ်း) ဒေါ်ခင်အေးမြင့်၊ ဒေါက်တာချိုချိုဝေ (Principle, HRM Management Institute, Yangon)တို့မှ ကြိုဆိုနှုတ်ဆက်စကား အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် MBA, MPA, MAR အတန်းအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်(၃)ဦးမှ သင်တန်းတက်ရောက်ခွင့်ရသည့်အပေါ် ဝမ်းသာပီတိ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း 9/28/2026 3:55:11 AM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ 9/28/2026 2:19:24 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
4 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
5 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
7 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
8 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
9 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
10 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing