UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

Teacher’s Capacity Building Training (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

Administration
29-May-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Teacher’s Capacity Building Training (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား 
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training)(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်း အနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၈.၅.၂၀၂၄)ရက်နေ့ နံနက် (၁၀း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ သင်ကြားရေး ဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာန များမှ ဌာနမှူးများ နှင့် တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ၊ဆရာမ(၂၅)ဦး စုံစုံညီညီ တက်ရောက်ခဲ့ ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် ဤတက္ကသိုလ်သည် ဘက်စုံဖွံ့ဖြိုးမှု၊ ခေါင်းဆောင်မှုနှင့် အသိပညာအတတ်ပညာများကို ဖြန့်ဝေပေး သည့် သင်ကြားမှုဝန်းကျင်ကောင်းများရှိသည့် တက္ကသိုလ်အဖြစ်ရပ်တည်လာသည်မှာ (၁၂)နှစ်ကျော် လာခဲ့ပြီ ဖြစ်သည့်အပြင် Education Sector တွင် သင်ကြား၊သင်ယူမှုမှာ Blended Learning System အသုံးပြုနေသည့်အတွက် သတင်းအချက်အလက် နှင့် နည်းပညာပိုင်းဆိုင်ရာပညာရပ်များ နှင့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုတို့သည် အလွန်အ‌ရေးပါလာပါကြောင်း၊ သင်တန်းတွင် သင်ကြားပေးခဲ့သော ဘာသာရပ်များမှ ရရှိလာသော အသိပညာ၊ အတတ်ပညာများသည် ဆရာ၊ဆရာမတို့အတွက် Professional Life မှာ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုတွေ ရရှိသွားနိုင်ပြီး အထောက်အပံ့ ကောင်းများ ရရှိနိုင်မည်ဖြစ်သဖြင့် Continuous Learning လုပ်ဆောင်သွားကြရန်နှင့် လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် အသိပညာ၊ အတတ်ပညာများကို ပြန်လည်အသုံးချသွားရန်၊ အတွေ့အကြုံ ကောင်းများကို ဖလှယ်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အနာဂတ်ပညာရေးတွင် မရှိမဖြစ် လိုအပ်သော ICT နည်းပညာများ၊ Language Learning and teaching, Communication Skills များ ကျွမ်းကျင်သော နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် ဆရာ၊ဆရာမများ ဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ သင်တန်းတွင် ထူးချွန်ခဲ့ သည့် ဒုတိယဆု နှင့် တတိယဆုများ ရရှိခဲ့သည့် သင်တန်းသူ(၂)ဦးတို့ကို ဒုတိယပါမောက္ခချုပ်(စီမံ)မှ လည်းကောင်း၊ ပထမဆု ရရှိခဲ့သည့် သင်တန်းသူ(၁)ဦးကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ သင်တန်း ဆင်း လက်မှတ်များကို သင်တန်းသား ကိုယ်စားလှယ် တစ်ဦးသို့ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် သင်ကြားပေးခဲ့သော ICT ဌာန နှင့် အင်္ဂလိပ်စာ ဌာနတို့မှ ဌာနမှူး၊ ခေတ္တဌာနမှူးနှင့် ကထိကများအား ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီနှင့် ဒုတိယပါ မောက္ခချုပ်(စီမံ)တို့မှ ဂုဏ်ပြုမှတ်တမ်း လွှာနှင့်ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြပါသည်။ထို့နောက် သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီးနောက် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training)(၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

 

 

No. First Image Title Uploaded Date Type
1 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
2 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
3 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
5 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
7 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
8 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
9 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing