UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)

Administration
14-May-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)
“Teacher’s Capacity Building Training”
၁၄-၅-၂၀၂၄
ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄) အခမ်းအနားကို ၁၄.၅.၂၀၂၄ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမ၌ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား၊စီမံ၊သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများနှင့် သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

 
ဖွင့်ပွဲအခမ်းအနား၌ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် Teacher’s Capacity Building Training(1/2024) ဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန်နှင့် ICT နှင့် English ပညာရပ်များ ကျွမ်းကျင်တက်မြောက်ပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန် ဖြစ်ကြောင်း၊ ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့သည်မှာ (၅)ကြိမ် ရှိပြီဖြစ်ကြောင်း၊ တက္ကသိုလ်ဘက်မှလည်း capacity building သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ အချိန် ပြည့်တက်ရောက်သော သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းဆင်းပွဲအား (၂၄.၅.၂၀၂၄)ရက်၊ သောကြာနေ့၊ မွန်းလွဲ(၃း၀၀)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း၊ သင်ကြားမည့်ဆရာ/ဆရာမများ အနေဖြင့် လည်း သင်တန်းသား /သူများ နားလည်သဘောပေါက်လွယ်အောင် စာတွေ့၊ လက်တွေ့ စေတနာထား သင်ကြား ပေးကြရန်၊ အတန်းချိန်များကိုလည်း အပြည့် သင်ကြားပေးကြရန်၊ သင်တန်းသား/သူများ အနေဖြင့်လည်း ဆရာ/ဆရာမများ၏ သင်ကြားမှုများကို ကြိုးစား သင်ယူရန်နှင့် တတ်မြောက် ထားသည့်ပညာများကို လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်အောင် ကြိုးစားကြရန် နှင့် သင်တန်းမှချမှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းများ ကို သေချာလိုက်နာပြီး ပြီးဆုံးအောင် တက်ရောက်ကြပါရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ လက်ရှိကာလတွင် IT နှင့် English Skill များသည် အရေးပါသည့်အတွက် ရှောင်လွဲရမည်မဟုတ်ပါကြောင်း၊ မိမိတို့ expose လုပ်လိုသောကိစ္စများအတွက် IT Skill သည် essential skill ဖြစ်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးရန် စီစဉ်ထားပါကြောင်း ၊ after covid နောက်ပိုင်း new normal behavior များသည် ထင်ရှားစွာသိရှိနိုင်ကြောင်း IT နှင့် English skill တို့သည် education sector, economics sector, social sector, political sector စသည့် အားလုံးအတွက် အရေးကြီးပါကြောင်း၊ English skill အတွက် Level များစွာရှိနေ သည့်အတွက် ကြိုးစားကြစေလိုကြောင်း၊ သင်ကြားမည့် ဆရာ၊ဆရာမများ ဘက်မှလည်း “Must Skill” များကို သင်ကြားပေးရန် မှာကြားလိုကြောင်း၊ တက္ကသိုလ် အနေဖြင့် သင်ကြားရေးလုပ်ငန်းများတွင် LMS စနစ်ဖြင့်ပါ သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းဖွင့်လှစ်နိုင်ခြင်းသည် ICT နည်းပညာ၏ အကျိုးကျေးဇူးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 
နိဂုံးချုပ်အနေဖြင့် (၁၄.၅.၂၀၂၄) ရက်နေ့မှ (၂၄.၅.၂၀၂၄)ရက်နေ့ထိ ဖွင့်လှစ်သွားမည့် ဆရာ/ဆရာမများ စွမ်းဆောင်မှု မြှင့်တင်ရေး သင်တန်းကို အောင်မြင်စွာ တက်ရောက်နိုင်ပြီး ICTနည်းပညာများ၊ Language Learning and Teaching အတွက် Communication Skill များ ပိုမိုသဘောပေါက် နားလည်သော နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် အရည် အသွေးပြည့်ဝသော ဆရာ/ဆရာမများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါ ကြောင်း၊ တက္ကသိုလ်အတွက် စေတနာ၊မေတ္တာထားပြီး အားလုံးမှ ကြိုးစားပေးကြပါရန် ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဆရာ/ဆရာမများ စွမ်းဆောင်မှုမြှင့်တင်ရေး ဖွင့်ပွဲအခမ်းအနားကို (၉း၀၀) နာရီတွင် အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခဲ့ပါသည်။

 
ဆရာ/ဆရာမများ စွမ်းဆောင်မှုမြှင့်တင်ရေး သင်တန်းကာလမှာ (၁၄.၅.၂၀၂၄) ရက် နေ့မှ (၂၅.၅.၂၀၂၄)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ (၂၈)ဦး တက်ရောက်မည်ဖြစ်ပါသည်။ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များမှာ အသုံးချ ကွန်ပျူတာဘာသာရပ်အနေဖြင့် Introduction to ICT and Using Window 7/10, Data Presentation Using Microsoft PPT 2016, Spreadsheet Application Using Microsoft Excel 2016, Word Processing Using Microsoft Word 2016 နှင့် အင်္ဂလိပ်စာဘာသာရပ်အနေဖြင့် Language and Background to language learning and Teaching, Effective Communication Skills, Academic Skills, Market Leader တို့ဖြစ်ပြီး စုစုပေါင်း သင်ကြားပို့ချချိန်မှာ နာရီ (၄၀) ဖြစ်ကြောင်း သိရသည်။

No. First Image Title Uploaded Date Type
1 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း 1/8/2026 2:22:17 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ 1/8/2026 2:18:45 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ Internship Program ဆောင်ရွက်မှုများ 1/8/2026 2:15:38 AM News
5 စီမံခန့်ခွဲမှုပညာဌာနမှ ဦးစီးဆောင်ရွက်သည့် Master of Marketing Management ကျောင်းသား/ကျောင်းသူများအတွက် Title Defence ကျင်းပခြင်း 1/8/2026 2:14:30 AM News
6 ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးဆောင်ရွက်သည့် Master of Accounting and Finance ကျောင်းသား/ကျောင်းသူများအတွက် Title Defence ကျင်းပခြင်း 1/8/2026 2:12:55 AM News
7 သမဝါယမပညာဌာန၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ် မဟာတန်း Title Defense ကျင်းပခြင်း 1/8/2026 2:11:51 AM News
8 စာရင်းအင်းပညာဌာနမှ Master of Applied Statistics (MAS) ကျောင်းသား/ကျောင်းသူများ၏ Title Defense ကျင်းပခြင်း 1/8/2026 2:10:01 AM News
9 ဒုတိယနှစ် အထူးပြုမေဂျာအလိုက် တက်ရောက်ခွင့်ရရှိသူများစာရင်း‌ ကြေညာခြင်း 11/11/2025 10:34:11 PM News
10 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း ကြေညာချက် 11/11/2025 4:05:33 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing