UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)

Administration
14-May-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)
“Teacher’s Capacity Building Training”
၁၄-၅-၂၀၂၄
ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄) အခမ်းအနားကို ၁၄.၅.၂၀၂၄ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင် ခန်းမ၌ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား၊စီမံ၊သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများနှင့် သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

 
ဖွင့်ပွဲအခမ်းအနား၌ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် Teacher’s Capacity Building Training(1/2024) ဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ အသစ်ခန့်အပ်ထားသည့် ဆရာ/ဆရာမများ၏ သင်ကြားမှုစွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန်နှင့် ICT နှင့် English ပညာရပ်များ ကျွမ်းကျင်တက်မြောက်ပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန် ဖြစ်ကြောင်း၊ ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့သည်မှာ (၅)ကြိမ် ရှိပြီဖြစ်ကြောင်း၊ တက္ကသိုလ်ဘက်မှလည်း capacity building သင်တန်းများ နှစ်စဉ်ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ အချိန် ပြည့်တက်ရောက်သော သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းဆင်းပွဲအား (၂၄.၅.၂၀၂၄)ရက်၊ သောကြာနေ့၊ မွန်းလွဲ(၃း၀၀)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း၊ သင်ကြားမည့်ဆရာ/ဆရာမများ အနေဖြင့် လည်း သင်တန်းသား /သူများ နားလည်သဘောပေါက်လွယ်အောင် စာတွေ့၊ လက်တွေ့ စေတနာထား သင်ကြား ပေးကြရန်၊ အတန်းချိန်များကိုလည်း အပြည့် သင်ကြားပေးကြရန်၊ သင်တန်းသား/သူများ အနေဖြင့်လည်း ဆရာ/ဆရာမများ၏ သင်ကြားမှုများကို ကြိုးစား သင်ယူရန်နှင့် တတ်မြောက် ထားသည့်ပညာများကို လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်အောင် ကြိုးစားကြရန် နှင့် သင်တန်းမှချမှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းများ ကို သေချာလိုက်နာပြီး ပြီးဆုံးအောင် တက်ရောက်ကြပါရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ လက်ရှိကာလတွင် IT နှင့် English Skill များသည် အရေးပါသည့်အတွက် ရှောင်လွဲရမည်မဟုတ်ပါကြောင်း၊ မိမိတို့ expose လုပ်လိုသောကိစ္စများအတွက် IT Skill သည် essential skill ဖြစ်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးရန် စီစဉ်ထားပါကြောင်း ၊ after covid နောက်ပိုင်း new normal behavior များသည် ထင်ရှားစွာသိရှိနိုင်ကြောင်း IT နှင့် English skill တို့သည် education sector, economics sector, social sector, political sector စသည့် အားလုံးအတွက် အရေးကြီးပါကြောင်း၊ English skill အတွက် Level များစွာရှိနေ သည့်အတွက် ကြိုးစားကြစေလိုကြောင်း၊ သင်ကြားမည့် ဆရာ၊ဆရာမများ ဘက်မှလည်း “Must Skill” များကို သင်ကြားပေးရန် မှာကြားလိုကြောင်း၊ တက္ကသိုလ် အနေဖြင့် သင်ကြားရေးလုပ်ငန်းများတွင် LMS စနစ်ဖြင့်ပါ သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းဖွင့်လှစ်နိုင်ခြင်းသည် ICT နည်းပညာ၏ အကျိုးကျေးဇူးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 
နိဂုံးချုပ်အနေဖြင့် (၁၄.၅.၂၀၂၄) ရက်နေ့မှ (၂၄.၅.၂၀၂၄)ရက်နေ့ထိ ဖွင့်လှစ်သွားမည့် ဆရာ/ဆရာမများ စွမ်းဆောင်မှု မြှင့်တင်ရေး သင်တန်းကို အောင်မြင်စွာ တက်ရောက်နိုင်ပြီး ICTနည်းပညာများ၊ Language Learning and Teaching အတွက် Communication Skill များ ပိုမိုသဘောပေါက် နားလည်သော နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသည့် အရည် အသွေးပြည့်ဝသော ဆရာ/ဆရာမများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါ ကြောင်း၊ တက္ကသိုလ်အတွက် စေတနာ၊မေတ္တာထားပြီး အားလုံးမှ ကြိုးစားပေးကြပါရန် ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဆရာ/ဆရာမများ စွမ်းဆောင်မှုမြှင့်တင်ရေး ဖွင့်ပွဲအခမ်းအနားကို (၉း၀၀) နာရီတွင် အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခဲ့ပါသည်။

 
ဆရာ/ဆရာမများ စွမ်းဆောင်မှုမြှင့်တင်ရေး သင်တန်းကာလမှာ (၁၄.၅.၂၀၂၄) ရက် နေ့မှ (၂၅.၅.၂၀၂၄)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်ကြားရေးဌာနများမှ ဆရာ/ဆရာမများ (၂၈)ဦး တက်ရောက်မည်ဖြစ်ပါသည်။ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များမှာ အသုံးချ ကွန်ပျူတာဘာသာရပ်အနေဖြင့် Introduction to ICT and Using Window 7/10, Data Presentation Using Microsoft PPT 2016, Spreadsheet Application Using Microsoft Excel 2016, Word Processing Using Microsoft Word 2016 နှင့် အင်္ဂလိပ်စာဘာသာရပ်အနေဖြင့် Language and Background to language learning and Teaching, Effective Communication Skills, Academic Skills, Market Leader တို့ဖြစ်ပြီး စုစုပေါင်း သင်ကြားပို့ချချိန်မှာ နာရီ (၄၀) ဖြစ်ကြောင်း သိရသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) လျှောက်လွှာခေါ်ယူခြင်း 10/11/2026 9:44:56 PM News
2 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း 9/28/2026 3:55:11 AM News
3 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ 9/28/2026 2:19:24 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
5 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
6 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
7 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
8 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
9 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
10 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing