UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲ

Administration
04-April-2024

“သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲ”

                     သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၃.၄.၂၀၂၄) ရက်နေ့ နေ့လည်ပိုင်း (၁၅း၃၀)နာရီ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (စီမံ၊ သင်တန်း နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများ)မှ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင်  ပြည်‌သူ့စစ်မှုထမ်းဥပ‌ဒေ အကောင် အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် သတင်းအချက်အလက်အမှန်များ သိရှိနိုင် စေရန် အစိုးရဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Social Media များတွင် လက်တလော ဖြစ်ပေါ်နေသော ကောလဟာလ သတင်းများကို ရှင်းလင်းစွာ သိမြင်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ သိရှိနိုင်ရန်နှင့် ဆရာ၊ဆရာမ၊ ဝန်ထမ်း မိသားစုများအနေဖြင့်မိမိတို့ ကျရာတာဝန်များ ကိုလည်း ကျေပွန်စွာ ထမ်းဆောင် လိုစေလို ကြောင်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်း စရာများကို ဥပဒေပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မြဝင်းမှ ရှင်းလင်းဆွေးနွေးခဲ့ ပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်နှင့် ယာယီရွှေ့ဆိုင်းခွင့်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းမှ ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆရာ၊ဆရာမဝန်ထမ်းမိသားစုများမှ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းခဲ့သည်ကို ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီးနောက် ညနေ (၁၆း၃ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ”

  

  

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်‌ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့မှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခြင်း 4/29/2025 11:12:38 PM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ၂၈-၃-၂၀၂၅နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်၏ အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း 4/29/2025 11:11:33 PM News
3 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ 2025 Job Fair အခမ်းအနားကျင်းပ 4/29/2025 11:05:13 PM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/19/2025 10:18:20 PM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ 3/10/2025 10:35:21 PM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ 3/2/2025 10:50:24 PM News
7 ဒုတိယစာရင်းစစ်မှူးနှင့်လက်ထောက်စာရင်းစစ်မှူးခေါ်ယူခြင်း 2/14/2025 4:09:58 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/12/2025 10:13:11 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ 2/10/2025 3:48:01 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/10/2025 3:46:29 AM News
12345678910...

© 2025 - University of Co-Operative and Management, Sagaing