UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Job Fair 2024 အခမ်းအနား

Administration
01-April-2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Job Fair 2024 အခမ်းအနား”
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၉.၃.၂၀၂၄) ရက် နေ့ နံနက်ပိုင်း (၀၉း၀၀)နာရီ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Job Fair 2024 အခမ်းအနားကို သုံးထပ်ပင်မအဆောက်အဦ မျက်နှာစာနှင့် ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်း Job Fair 2024 ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို သုံးထပ်ပင်မ အဆောက်အဦရှေ့ မျက်နှာစာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ဌာနမှူးများ၊ (သင်တန်း၊ စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး၊ လက်လီရောင်းချသူများ အသင်း ဒုဥက္ကဋ္ဌ၊ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) နှင့် လုပ်ငန်းရှင်များမှ Job Fair 2024 အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ (သင်တန်း၊ စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၂၃၀)ကျော်၊ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network)၊ လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်း အနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် Job Fair 2024 ကို ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် များဖြစ်သည့် တက္ကသိုလ်မှ ဘွဲရရှိမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်၊ မိမိတို့ရရှိသည့် ဘွဲ့နှင့်အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် နိုင်ရန်နှင့် လုပ်ငန်းခွင်မဝင်ခင် သိသင့်သိထိုက်သော အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့ကို လုပ်ငန်းရှင်များမှ စေတနာအရင်းခံဖြင့် လာရောက် Interview သည့် အခါတွင်လည်း မိမိတို့၏ အရည်အသွေး၊ မိမိတို့တက်ကျွမ်းထားသည့် ပညာရပ်များကို အသုံးပြုပြီး မှန်ကန်စွာဖြေဆိုပေးကြရန်၊ မေးခွန်းများကို ယဉ်ကျေးပျူငှာစွာ ဖြေကြားပေးကြ ရန်နှင့် မိမိတို့အရည်အသွေး အရည်အချင်းကို ကြိုက်နှစ်သက်၍ အလုပ် ခန့်အပ်ခံရလျှင် လည်း လုပ်ငန်းခွင်တွင် ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာ ထမ်း‌ဆောင်ကြပါလို့ မှာကြား လိုကြောင်း Job Fair 2024 ကို အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးပါသော မန္တလေးတိုင်းဒေသကြီး၊ လက်လီရောင်းချသူများအသင်း၊ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး၊ မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network)နှင့် လုပ်ငန်းရှင်များ၊ အခမ်းအနား ဖြစ်မြောက်အောင် အဖက်ဖက်မှ ဆောင်ရွက်ပေးကြပါသော Major ဌာနများမှ ဌာနမှူးများ၊ ဆရာ၊ဆရာမနှင့် (သင်တန်း၊စီမံနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ နှင့် ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) မှ “အေအိုင် နှင့် အလုပ်အကိုင်” ခေါင်းစဉ်ဖြင့်ဟောပြောပေးခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ မှ မိမိတို့လုပ်ငန်းအကြောင်းအရာများကို အသီးသီး ရှင်းလင်း ပြောကြားခဲ့ ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) နှင့် တာဝန်ရှိသူများမှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ဟောပြောပေးသည့် ဦးသူရိန်ငြိမ်း၊ Founder & MD (Myanmar Resources Network) နှင့် အလှူငွေများပေးအပ်ခဲ့ ကြသည့် လုပ်ငန်းရှင်(၉)ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်း ဓါတ်ပုံ ရိုက်ယူခဲ့ပြီးနောက် နေ့လည် (၁၁း၀ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ Win Brothers Group of Co.,Ltd, Sagaing Textile Industry, Shwe Moe Mandalay Company, M Pride Co.,Ltd, Inpact Co.,Ltd, Royal Shwe Pinlon, Landon Business University, CDGS Co.,Ltd, Sin Pauk Foot Wear ကုမ္ပဏီ(၉)ခု၏ ပြခန်းများကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုရင်း အလုပ် လျှောက်လွှာ ဖြည့်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။”

 

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း 9/28/2026 3:55:11 AM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ 9/28/2026 2:19:24 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
4 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
5 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
7 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
8 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
9 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
10 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing