UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ

Administration
20-February-2024

“သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ စာရင်းအင်းပညာဌာနမှ ဦးစီးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ”
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၉.၂.၂၀၂၄) ရက် နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီ၌ ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများအတွက် Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေး ဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၅၀၀)ကျော်၊ ရန်ကုန် Stock Exchange Executive Senior Manager ဦးသက်ထွန်းဦး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် မအားလပ်သည့်ကြားမှ လာရောက်ဟောပြောပို့ချပေးသည့် ဆရာကြီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာကြီးဦးသက်ထွန်းဦးသည် ၂၀၂၀ ခုနှစ်က တက္ကသိုလ်သို့ ပထမအကြိမ်လာရောက် ဟော ပြော‌ပေးခဲ့ပြီး ယခုသည် တက္ကသိုလ်သို့ ဒုတိယအကြိမ်ဖြင့် လာရောက် ဟောပြောပေးသည် ဖြစ်သောကြောင့် ဆရာကြီးမှ Business လုပ်ငန်းလုပ်ရာတွင် Finance (ဘဏ္ဍာငွေ)ကို လက်တွေ့ကျ မည်သို့ရှာဖွေမည်၊ မည်သည့်အတွက် အရင်းအနှီးလိုမည်တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ Business လုပ်ရာတွင်Capital Market အခန်းကဏ္ဍသည် အရေးပါသည့်အပြင် Source မည်သို့ရှာဖွေမည်၊ Listed Company ဖြစ်လာရန် လိုအပ်ချက်များ၊ Investment မှ မည်သို့ Return ရရှိလာအောင် ကြိုးစားဆောင်ရွက်ရမည့် နည်းလမ်းများကို ဟောပြောပို့ချ မည်ဖြစ်၍ သေချာနားထောင်စေလိုကြောင်း၊ သားတို့သမီးတို့အနေဖြင့် တက္ကသိုလ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို ယခုအသိပညာပေး ဟောပြောပွဲမှ ရရှိ လာမည့် Knowledge များနှင့် ပေါင်းစပ်ပြီး လက်တွေ့အသုံးချပြီး ကြိုးစားသွားကြရန် လိုအပ် ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ပညာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖြစ်မြောက် အောင် ဦးဆောင် ဆောင်ရွက်ပေးသည့် ဝါဏိဇ္ဇဗေဒပညာဌာနမှ ဌာနမှူး နှင့် ဆရာ၊ဆရာမများ၊ ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြသည့် သက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အသိပညာဗဟုသုတများကို အချိန်ပေး ဝေမျှ ဟောပြောပို့ချပေးသည့် Stock Exchange Executive Senior Manager ဦးသက်ထွန်းဦး အားတက်သရော တက်ရောက်ပေးကြသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူး ပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Stock Exchange Executive Senior Manager ဆရာကြီး ဦးသက်ထွန်းဦး မှ Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဟောပြော ပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ ဆရာကြီး ဦးသက်ထွန်းဦး မှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ Stock Exchange Executive Senior Manager ဦးသက်ထွန်းဦး တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့ပြီးနောက် နေ့လည် (၁၂း၃ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ”

 

 

No. First Image Title Uploaded Date Type
1 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း 1/8/2026 2:22:17 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ 1/8/2026 2:18:45 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ Internship Program ဆောင်ရွက်မှုများ 1/8/2026 2:15:38 AM News
5 စီမံခန့်ခွဲမှုပညာဌာနမှ ဦးစီးဆောင်ရွက်သည့် Master of Marketing Management ကျောင်းသား/ကျောင်းသူများအတွက် Title Defence ကျင်းပခြင်း 1/8/2026 2:14:30 AM News
6 ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးဆောင်ရွက်သည့် Master of Accounting and Finance ကျောင်းသား/ကျောင်းသူများအတွက် Title Defence ကျင်းပခြင်း 1/8/2026 2:12:55 AM News
7 သမဝါယမပညာဌာန၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ် မဟာတန်း Title Defense ကျင်းပခြင်း 1/8/2026 2:11:51 AM News
8 စာရင်းအင်းပညာဌာနမှ Master of Applied Statistics (MAS) ကျောင်းသား/ကျောင်းသူများ၏ Title Defense ကျင်းပခြင်း 1/8/2026 2:10:01 AM News
9 ဒုတိယနှစ် အထူးပြုမေဂျာအလိုက် တက်ရောက်ခွင့်ရရှိသူများစာရင်း‌ ကြေညာခြင်း 11/11/2025 10:34:11 PM News
10 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း ကြေညာချက် 11/11/2025 4:05:33 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing