UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ

Administration
20-February-2024

“သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ စာရင်းအင်းပညာဌာနမှ ဦးစီးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ”
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၉.၂.၂၀၂၄) ရက် နေ့ နံနက်ပိုင်း (၁ဝး၀၀)နာရီ၌ ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများအတွက် Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေး ဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဦးရေ (၅၀၀)ကျော်၊ ရန်ကုန် Stock Exchange Executive Senior Manager ဦးသက်ထွန်းဦး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် မအားလပ်သည့်ကြားမှ လာရောက်ဟောပြောပို့ချပေးသည့် ဆရာကြီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာကြီးဦးသက်ထွန်းဦးသည် ၂၀၂၀ ခုနှစ်က တက္ကသိုလ်သို့ ပထမအကြိမ်လာရောက် ဟော ပြော‌ပေးခဲ့ပြီး ယခုသည် တက္ကသိုလ်သို့ ဒုတိယအကြိမ်ဖြင့် လာရောက် ဟောပြောပေးသည် ဖြစ်သောကြောင့် ဆရာကြီးမှ Business လုပ်ငန်းလုပ်ရာတွင် Finance (ဘဏ္ဍာငွေ)ကို လက်တွေ့ကျ မည်သို့ရှာဖွေမည်၊ မည်သည့်အတွက် အရင်းအနှီးလိုမည်တို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ Business လုပ်ရာတွင်Capital Market အခန်းကဏ္ဍသည် အရေးပါသည့်အပြင် Source မည်သို့ရှာဖွေမည်၊ Listed Company ဖြစ်လာရန် လိုအပ်ချက်များ၊ Investment မှ မည်သို့ Return ရရှိလာအောင် ကြိုးစားဆောင်ရွက်ရမည့် နည်းလမ်းများကို ဟောပြောပို့ချ မည်ဖြစ်၍ သေချာနားထောင်စေလိုကြောင်း၊ သားတို့သမီးတို့အနေဖြင့် တက္ကသိုလ်မှ သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို ယခုအသိပညာပေး ဟောပြောပွဲမှ ရရှိ လာမည့် Knowledge များနှင့် ပေါင်းစပ်ပြီး လက်တွေ့အသုံးချပြီး ကြိုးစားသွားကြရန် လိုအပ် ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ပညာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖြစ်မြောက် အောင် ဦးဆောင် ဆောင်ရွက်ပေးသည့် ဝါဏိဇ္ဇဗေဒပညာဌာနမှ ဌာနမှူး နှင့် ဆရာ၊ဆရာမများ၊ ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြသည့် သက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အသိပညာဗဟုသုတများကို အချိန်ပေး ဝေမျှ ဟောပြောပို့ချပေးသည့် Stock Exchange Executive Senior Manager ဦးသက်ထွန်းဦး အားတက်သရော တက်ရောက်ပေးကြသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူး ပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Stock Exchange Executive Senior Manager ဆရာကြီး ဦးသက်ထွန်းဦး မှ Financing Your Business and Role of Capital Markets ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ဟောပြော ပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များ မေးမြန်းခဲ့ရာ ဆရာကြီး ဦးသက်ထွန်းဦး မှ မေးခွန်းအသီးသီးကို ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ Stock Exchange Executive Senior Manager ဦးသက်ထွန်းဦး တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံ ရိုက်ယူခဲ့ပြီးနောက် နေ့လည် (၁၂း၃ဝ)နာရီ အချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ ”

 

 

No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/25/2026 2:35:03 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ 2/25/2026 2:33:30 AM News
3 တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ 2/5/2026 1:30:05 AM News
4 လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း 2/5/2026 1:28:16 AM News
5 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက် 2/5/2026 1:26:32 AM News
6 Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ 2/5/2026 1:25:03 AM News
7 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:23:32 AM News
8 တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ 2/5/2026 1:21:49 AM News
9 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု HRD Programme များဖြစ်ကြသည့် MDevS နှင့် MFM (First Batch) online programme တို့၏ Orientation Ceremony ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:20:00 AM News
10 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing