UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

ဆောင်းရာသီ အားကစားပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Administration
19-February-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ်
ဆောင်းရာသီ အားကစားပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

============================

**တက္ကသိုလ်ဘောလုံးအားကစားကွင်း**

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အားကစား(ဖူဆယ်)ပြိုင်ပွဲပိတ်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ် ဘောလုံး ကွင်း၌ (၁၃.၂.၂၀၂၄)၊ ညနေ (၁၇း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်း အနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ စီမံခန့်ခွဲရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။

  

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာ စကားပြောကြားရာတွင် အားကစားပြိုင်ပွဲများကို ကျင်းပရခြင်း ရည်ရွယ်ချက်များ ဖြစ်သည့် အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊ Team Work လုပ်ဆောင်မှု အလေ့အကျင့် ကောင်းများရရှိစေရန်၊ Communication ကောင်းများ ရရှိလာစေရန်နှင့် Friendship တိုးတက် လာစေရန်အတွက် ဖြစ်သည့်အတွက် ပြိုင်ပွဲတွင် အနိုင်မခံအရှုံးမပေးသော အားကစား စိတ်ဓါတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမား မောင်မယ်များကို အထူး ပင်ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ တက္ကသိုလ်အဆင့်မှသည် ပြည်နယ်တိုင်း လက်ရွေးစင် များ ဖြစ်အောင်ကြိုးစားပြီး ၎င်းမှ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည်အထိ ဆက်လက် ကြိုးစားသွားကြရန် နှင့် အားကစားပွဲကို အစအလယ်အဆုံး စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ခဲ့ သည့် အားကစားကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြီးကြပ်အဖွဲ့ နှင့် ဒိုင်အဖွဲ့များ၊ အားကစားပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ၊ဆရာမများ၊ သင်တန်းရေးရာဌာန နှင့် စီမံရေးရာဌာနများမှ တာဝန်ရှိအရာထမ်း၊ အမှုထမ်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှာကြားခဲ့ပါသည်။

  

ထို့နောက် ဆုရရှိ သည့် ဘောလုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အမျိုးသား ဘောလုံးအသင်း များ၊ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ပိုက်ကျော်ခြင်း အသင်းများနှင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် ကြက်တောင်ပြိုင်ပွဲ ဆုရရှိသူများကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)နှင့် ပါမောက္ခဌာနမှူးများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
4 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
5 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
6 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 11:13:26 PM News
7 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 10:06:37 PM News
8 တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ(စစ်ကိုင်းဇုန်)ကျင်းပ 8/3/2026 9:50:37 PM News
9 သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/30/2026 10:08:43 PM News
10 (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ 7/30/2026 4:04:21 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing