UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

(၁၂)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ဒုတိယပိုင်းအစီအစဉ် ကျင်းပ

Administration
19-February-2024

“သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၂)နှစ်မြောက် တက္ကသိုလ် တည်ထောင်သည့်နေ့ အထိမ်းအမှတ် အခမ်းအနား ဒုတိယပိုင်းအစီအစဉ် ကျင်းပ
************************************

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၉.၂.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁၀း၀၀)နာရီအချိန်တွင် (၁၂)နှစ်မြောက် တက္ကသိုလ်တည်ထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ဖြစ်သည့် ဆုပေးပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာန နှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ် တည်ထောင်ခဲ့ သည်မှာ (၁၂)နှစ်တာကာလ ပြည့်မြောက်လာပြီ ဖြစ်သည့်အတွက် မိမိတို့ တက္ကသိုလ် အစဉ် ထာဝရဖွံ့ဖြိုးတိုးတက်ရေး၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်းဆောင်ရွက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် အစဉ်အလာကောင်းများကို ဆက်လက် ကြိုးစားထိန်းသိမ်းသွား ကြရန် လိုအပ်ပါကြောင်း၊ တစ်နှစ်တာကာလအတွင်း အကျိုးပြုသင်တန်းများ၊ အသိပညာပေး ဟောပြောပွဲများ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ မိုးရာသီနှင့်ဆောင်းရာသီ အားကစားပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရုံသာမက တက္ကသိုလ်(၁၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို (၈.၂.၂၀၂၄)ရက်နေ့တွင် ကျင်းပခဲ့ရာ စာတမ်းရှင်(၁၀)ဦးမှ ဒေသအကျိုးပြု၊ လူမှုအကျိုးပြု၊ ဘာသာရပ်အကျိုးပြု စာတမ်း(၁၀)စောင် ဖတ်ကြားနိုင်ခဲ့သည့်အပြင် သုတေသနဂျာနယ် Vol.6, No1 ကိုပါ အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ကြောင်း၊ International Publication များလည်းရရှိနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်တွင် ထူးချွန်ဆုများ ရရှိခဲ့ရုံသာမက၊ နိုင်ငံတော်အဆင့် သုတေသန စာတမ်းဖတ်ပွဲများတွင် တက္ကသိုလ်ကိုယ်စားပြု ဆရာ၊ ဆရာမများသည်လည်း နိုင်ငံတော်အဆင့် ပထမဆုများ ရယူနိုင်ခဲ့ခြင်း၊ LMS System ဖြင့် ဖွင့်လှစ် သင်ကြားဆောင်ရွက်နေသည့် HRD Program(MPA, MAR, MBA, Dip(HRM)) များသည် First Batch သင်တန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရုံသာမက Second Batch ဖွင့်လှစ်နိုင်ရန် အတွက် သတင်းစာများတွင် ကြေငြာခေါ်ခြင်းများ ဆောင်ရွက်ခဲ့နိုင်ခြင်း၊ တက္ကသိုလ်ဝန်ထမ်းများ သက်သာချောင်ချိရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းမိသားစုများအတွက် မီးဖိုချောင်သုံးပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့ခြင်း အစီအစဉ်များ စသည့်တို့ကို တက္ကသိုလ်အနေဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် Cooperation, Collaboration, Communication, Creative Thinkingတို့ဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ ရိုးသားကြိုးစားသွားကြပါရန်နှင့် Learn From Yesterday, Live for Today, Hope for Tomorrow ဆိုသည်အတိုင်း လေ့လာဆည်းပူး၊ လက်တွေ့ကျင့်သုံးလိုက်နာ အကောင်အထည်ဖော်သွားကြပါရန် နှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းမိသားစုများ အားလုံး စည်းလုံးပျော်ရွှင်စွာဖြင့် တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပြီး တက္ကသိုလ်(၁၂)နှစ်မြောက်မှစ၍ ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် နှစ်‌ပေါင်းရာချီမက လျှောက်လှမ်းနိုင်ကြပါစေကြောင်း၊ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း၊ နေ့ရက်တိုင်းမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပါသည်။

  

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ် ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စီမံထူးချွန်တံဆိပ်(ပထမအဆင့်)နှင့် စစ်ကိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ချီးမြှင့်သည့် ဇေယျာစီမံထူးချွန်ဆု(ပထမအဆင့်)တို့ရရှိသည့် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီအား ဒုတိယပါမောက္ခချုပ်(စီမံ)မှ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေ များ ချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင် နိုင်ငံတော်အဆင့် သုတေသနစာတမ်းဆုရရှိသူ စာတမ်းရှင်(၁)ဦးနှင့် ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် ပထမဆုရရှိခဲ့သည့် စာတမ်းရှင်(၂)ဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးမှ ပေးအပ်ချီးမြှင့်သည့် ပြည်သူ့ဝန်ထမ်းကောင်းဆုရရှိသည့် အမှုထမ်း(၁)ဦး၊ (၃)နှစ်ဆက်တိုက် မည်သည့်ခွင့်အမျိုးအစားမျှ ခံစားခြင်းမရှိသည့် အရာထမ်း(၃)ဦးနှင့် အမှုထမ်း(၃)ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၀၃)၌ သေနတ်ပစ် ထူးချွန်ဆုရရှိခဲ့ သည့် အမှုထမ်း(၁)ဦး၊ တာဝန်သိဝန်ထမ်းကောင်းဆုရရှိသူ အမှုထမ်း(၂)ဦး၊ ၂၀၂၃ခုနှစ် အတွင်း မည်သည့်ခွင့်အမျိုးအစားမျှခံစားခြင်းမရှိသည့် ဝန်ထမ်း(၂၄)ဦးအနက် အရာထမ်း (၆)ဦးတို့အား ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ခြင်း၊ ၂၀၂၃ခုနှစ်အတွင်း မည်သည့်ခွင့် အမျိုးအစားမျှ ခံစားခြင်းမရှိသည့် ဝန်ထမ်း (၁၈)ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်ရစ်ခဲ့သည့် ပိုက်ဆံအိတ်၊ တယ်လီဖုန်းများ ကောက်ယူရရှိပြီး တာဝန်ရှိသူများထံ ပြန်လည်အပ်နှံပေးခဲ့သည့် ရိုးသားဆုံးဆုများ ရရှိခဲ့ သည့် အမှုထမ်း(၂)ဦး၊ သန့်ရှင်းရေး(အကူ)(၃)ဦးတို့အား ဒုတိယပါမောက္ခချုပ်(စီမံ)မှ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြပါသည်။

ထို့နောက် ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

No. First Image Title Uploaded Date Type
1 လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/22/2026 7:26:38 PM News
2 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/21/2026 4:14:10 AM News
3 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ 7/21/2026 2:36:43 AM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:35:20 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:34:03 AM News
6 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
7 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
8 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
10 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing