UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ”

Administration
30-January-2024

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ”
<><><><><><><><><><>

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၃၀.၁.၂၀၂၄) ၊နံနက် (၉း၃၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား အစီအစဉ်များကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  

အခမ်းအနားတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက် ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှု ဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာဆရာမများ၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများမှ မြတ်ဆရာသီချင်းအား အဆိုအကအလှများဖြင့် ဦးစွာသီဆို ဖျော်ဖြေခဲ့ပြီးနောက် ဆရာ၊ဆရာမများအား ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပါသည်။

 

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ သြဝါဒအမှာစကားပြောကြားရာတွင် "မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွား ရေးကို အကောင်အထည်ဖော်နေသော နိုင်ငံဖြစ်သည့်အတွက် MSME လုပ်ငန်းများ၊ ကုမ္ပဏီ လုပ်ငန်းများ တိုးတက်စွာ ပေါ်ပေါက်လာသည်နှင့်အမျှ စာရင်းပညာရှင်များ၏ အခန်း ကဏ္ဍမှာ ပို၍အရေးပါလာပါ‌ေကြာင်း၊စာရင်းသဘောတရားကို ကောင်းစွာနားလည် သဘော ပေါက် ကျွမ်းကျင်သည့် Accountant , Chief Accountant , Auditor, CEO, CFO များရဲ့ အခန်းကဏ္ဍသည် အရမ်းကို အရေးပါလာသည့်အပြင် စာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်ထားသည့် CPA သင်တန်းတွင် Accounting and finance ဖြင့် ဘွဲ့ရရှိသည့် လူငယ်များသည် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန်မလိုပဲ တိုက်ရိုက်တက်ရောက်ခွင့် ရနိုင်သည့် အခွင့် အရေးများလည်းရှိသည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတက္ကသိုလ်မှ သင်ကြားပေးနေသည့် ဘာသာရပ်များကို တန်ဖိုးထားကြိုးစား လေ့လာသင်ယူကြရန်၊ လက်တွေ့အသုံးချချိန်တွင်လည်း စာရင်းကိုင်များ၏ အရည်အချင်းများဖြစ်သည့် တည်ငြိမ်၊ တိကျမှန်ကန်၊ စေ့စပ်သေချာ၊ စနစ်ကျနစွာဖြင့် Heart, Head, Hand, Hear, Hardworking စသည့် ‘H (၅)လုံး’ကို နှလုံးမူပြီး ကြိုးစားသွားကြရန် မှာကြားလိုပါ‌ေကြာင်း၊ မိဘဆရာသမားများ ကျေးဇူးကို သိတတ်ပြီး မိမိတက္ကသိုလ် မိမိပတ်ဝန်းကျင် မိမိဒေသ မိမိနိုင်ငံ အကျိုးကို ဆောင် နိုင်ပြီး ဗလငါးတန်ဖြင့်ပြည့်စုံသော ထူးချွန်ထက်မြတ် လိမ္မာယဉ်ကျေးသည့် သားကောင်း သမီးကောင်းများ ဖြစ်လာနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်း‌ေပးပါ‌ေကြာင်း" တို့ကို ပြောကြားခဲ့ပါသည်။

  

ထို့နောက် ဝါဏိဇ္ဇဗေဒ ဌာန၊ ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါ သည်။

ဆက်လက်၍ Naypytiaw State Academy တွင် ကျင်းပခဲ့သည့် ပညာ‌ရေး ဝန်ကြီးဌာန၊ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံတွင် “The Effect of Credit Accessibility on Farm Performance of Farmers in Pauk Myine Village, Myittha Township, Mandalay” စာတမ်းခေါင်းစဉ်ဖြင့် ပထမဆုရရှိခဲ့သည့် ဝါဏိဇ္ဇဗေဒပညာဌာနမှ နည်းပြ ဦးထွန်းမင်းအောင်အားလည်းကောင်း၊ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြု ဘာသာရပ်ထူးချွန် ကျောင်းသား၊ ကျောင်းသူများအားလည်း ကောင်း၊ ဆောင်းပါးကဗျာစာစီစာကုံးပြိုင်ပွဲ၊ Impromptu Talk Competition ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ နှင့် ဌာနမှူးများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

၎င်းနောက် စတုတ္ထနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန် လည် ပြောကြားခဲ့ပြီး အာစရိယပူဇော်ပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။

ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ ကြပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝါဏိဇ္ဇဗေဒပညာဌာန၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာအထူးပြု ဘာသာရပ် (First Semester, Second Semester) မောင်သစ်လွင် (Fresher King) မယ်သစ်လွင်(Fresher Queen) နှင့် (First Semester, Second Semester) People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ နှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက အဆို အကအလှများဖြင့် ဖျော်ဖြေခြင်းတို့ဖြင့်တင်ဆက်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝါဏိဇ္ဇဗေဒပညာဌာန၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ အထူးပြုဘာသာရပ် မောင်သစ်လွင် (First Semester King) မယ်သစ်လွင်(First Semester Queen) နှင့် First Semester People Choice Boy and Girl, မောင်သစ်လွင် (Second Semester King) မယ်သစ်လွင်(Second Semester Queen) နှင့် Second Semester People Choice Boy and Girl,များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King), မောင်သစ်လွင်(Second Semester King) ရရှိသူ တို့အား စလွယ် နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen), မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ် စတားသရဖူ နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester)People Choice Boy ရရှိသူတို့အား စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester) People Choice Girl ရရှိသူတို့အား စလွယ်၊ စတားသရဖူ နှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ပါမောက္ခ(ဌာနမှူး)များ နှင့် ယခင်နှစ်မှ King and Queen ရရှိသူများမှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီးနောက် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီး‌ေမြာက်ခဲ့ပါသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်‌ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့မှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခြင်း 4/29/2025 11:12:38 PM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ၂၈-၃-၂၀၂၅နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်၏ အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း 4/29/2025 11:11:33 PM News
3 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ 2025 Job Fair အခမ်းအနားကျင်းပ 4/29/2025 11:05:13 PM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/19/2025 10:18:20 PM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ 3/10/2025 10:35:21 PM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ 3/2/2025 10:50:24 PM News
7 ဒုတိယစာရင်းစစ်မှူးနှင့်လက်ထောက်စာရင်းစစ်မှူးခေါ်ယူခြင်း 2/14/2025 4:09:58 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/12/2025 10:13:11 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ 2/10/2025 3:48:01 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/10/2025 3:46:29 AM News
12345678910...

© 2025 - University of Co-Operative and Management, Sagaing