UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

Administration
30-January-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၂၉.၁.၂၀၂၄) ရက်နေ့ ညနေ(၁၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသန နှင့် ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံ ညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အလံတိုင်အဖွဲ့ ဦးဆောင်ပြီး အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးသည့်နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာ စကားပြော ကြားရာတွင် ယခုလိုအားကစားပွဲများကို‌ ကျင်းပရခြင်းဖြင့် အနိုင်မခံ အရှုံးမပေးသည့် စိတ်များ ဖြစ်လာစေခြင်း၊ အသင်းအဖွဲ့အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော အလေ့အကျင့်များ ဖြစ်ပေါ်လာစေခြင်း၊ စည်းလုံးပူးပေါင်း ဆောင်ရွက်တတ်မှု၊ ချစ်ခင်ရင်းနှီးမှုမှတဆင့် မိမိလူမျိုး၊ မိမိအသင်း၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံကို ချစ်သည့်စိတ်များ ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိလာစေခြင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကျေးဇူးဆပ်ရာ ရောက်သည့်အတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ ဒီပြိုင်ပွဲမှနေ တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများ ထွက်ပေါ်လာနိုင်သလို တက္ကသိုလ်အဆင့်မှသည် ပြည်နယ်တိုင်းအဆင့်၊ ၎င်းမှ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် နိုင်ငံတကာအဆင့် အထိ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည့်အထိ ကြိုးစားသွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် အားကစားသမား များမှ အားကစားသံဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ပြီးနောက် ကွင်းအတွင်းမှ စနစ်တကျထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ဆောင်းရာသီ အားကစားပြိုင်ပွဲများ ဖြစ်သည့် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ များကို စတင်ကျင်းပ ယှဉ်ပြိုင်ခဲ့ကြပါသည်။

  

 

  

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်‌ကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့မှ လာ‌ရောက်ကြည့်ရှု စစ်ဆေးခြင်း 4/29/2025 11:12:38 PM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ၂၈-၃-၂၀၂၅နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်သင့်ခဲ့သည့် တက္ကသိုလ်၏ အခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခြင်း 4/29/2025 11:11:33 PM News
3 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ 2025 Job Fair အခမ်းအနားကျင်းပ 4/29/2025 11:05:13 PM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/19/2025 10:18:20 PM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Conceptual Talk for AI အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ 3/10/2025 10:35:21 PM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ ကျင်းပ 3/2/2025 10:50:24 PM News
7 ဒုတိယစာရင်းစစ်မှူးနှင့်လက်ထောက်စာရင်းစစ်မှူးခေါ်ယူခြင်း 2/14/2025 4:09:58 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/12/2025 10:13:11 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ 2/10/2025 3:48:01 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/10/2025 3:46:29 AM News
12345678910...

© 2025 - University of Co-Operative and Management, Sagaing