UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

Administration
30-January-2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၂၉.၁.၂၀၂၄) ရက်နေ့ ညနေ(၁၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသန နှင့် ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံ ညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အလံတိုင်အဖွဲ့ ဦးဆောင်ပြီး အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးသည့်နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာ စကားပြော ကြားရာတွင် ယခုလိုအားကစားပွဲများကို‌ ကျင်းပရခြင်းဖြင့် အနိုင်မခံ အရှုံးမပေးသည့် စိတ်များ ဖြစ်လာစေခြင်း၊ အသင်းအဖွဲ့အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော အလေ့အကျင့်များ ဖြစ်ပေါ်လာစေခြင်း၊ စည်းလုံးပူးပေါင်း ဆောင်ရွက်တတ်မှု၊ ချစ်ခင်ရင်းနှီးမှုမှတဆင့် မိမိလူမျိုး၊ မိမိအသင်း၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံကို ချစ်သည့်စိတ်များ ဖြစ်ပေါ်လာစေခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိလာစေခြင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကျေးဇူးဆပ်ရာ ရောက်သည့်အတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန်၊ ဒီပြိုင်ပွဲမှနေ တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများ ထွက်ပေါ်လာနိုင်သလို တက္ကသိုလ်အဆင့်မှသည် ပြည်နယ်တိုင်းအဆင့်၊ ၎င်းမှ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် နိုင်ငံတကာအဆင့် အထိ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်သည့်အထိ ကြိုးစားသွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် အားကစားသမား များမှ အားကစားသံဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ပြီးနောက် ကွင်းအတွင်းမှ စနစ်တကျထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ဆောင်းရာသီ အားကစားပြိုင်ပွဲများ ဖြစ်သည့် ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ များကို စတင်ကျင်းပ ယှဉ်ပြိုင်ခဲ့ကြပါသည်။

  

 

  

No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
4 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
5 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
6 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 11:13:26 PM News
7 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 10:06:37 PM News
8 တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ(စစ်ကိုင်းဇုန်)ကျင်းပ 8/3/2026 9:50:37 PM News
9 သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/30/2026 10:08:43 PM News
10 (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ 7/30/2026 4:04:21 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing