UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

စီမံခန့်ခွဲမှုပညာဌာန၊ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

Administration
25-January-2024

“သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စီမံခန့်ခွဲမှုပညာဌာန၊ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ”
**************************

* ဘွဲ့နှင်းသဘင်ခန်းမ*

သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၃.၁.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၉း၀၀)နာရီတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော် ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို အစီအစဉ်(၃)ရပ်ဖြင့် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပထမပိုင်းအစီအစဉ်အရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ စတော့ဟုမ်း ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင်၊ IBEC ဆရာတော် ဒေါက်တာရှင်သောဘိတထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ ကြပြီးနောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ တက္ကသိုလ်မှ ဆရာ၊ဆရာမ ဝန်ထမ်းများ စုပေါင်း လှူဒါန်းခဲ့သည့် ဆွမ်းပဒေသာပင်အတွက် အလှူငွေကျပ်သိန်း(၅၀) တိတိအား ဆရာတော်ထံသို့ ဆပ်ကပ်လှူဒါန်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ပြီးနောက် ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

  

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားတွင် သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာန (၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံ ခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများ မှ ဆရာ၊ဆရာမများ၊ စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

  

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ သြဝါဒအမှာစကားပြောကြားရာတွင် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင် ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ်သည် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော ဘာသာရပ်ဖြစ်သည့်အတွက် အဓိကကျသည့် Manager, CEO များ မွေးထုတ်ပေးမည် ဖြစ်သည့် အတွက် မိမိရဲ့ ဘာသာရပ်ကို လေးစား၊ တန်ဖိုးထားတတ်စေရန် လေ့လာကြိုးစားသင်ယူကြရန်၊ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများတွင် ရောင်းအားတိုးရန် Customer များ Needs and wants ကို ဘယ်လိုဖြည့်ဆည်းပေးမလဲ၊ ကောင်းမွန်သော Marketing Plan ဘယ်လိုချမလဲ၊ Marketing Mix Strategy များကို ဘယ်လိုချမလဲ ဆိုသည့်ပညာများကို သိရှိအောင် သင်ကြားပေးနေသည့် ပညာဖြစ်၍ သေချာစွာ လေ့လာမှတ်သားသွားကြပါရန်၊ မိမိထုတ်သည့် Product Brand ကို တည်ဆောက်နိုင်ရုံသာမက၊ မိမိကိုယ်ကိုလည်း Dignity ရှိရှိ Value ရှိအောင် တည်ဆောက်တတ်အောင်ကြိုးစားကြရန်၊ မိမိတို့ Career Life တွင် emotion မများပဲ self-management , self-control, self-motivation ရှိရှိဖြင့် ထူးချွန်ထက်မြောက်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့ကြပြီးနောက် ဂါရဝတောစ၊ နိဝါတောစ ပူဇော်ထိုက်သူများကို ပူဇော် ခြင်းသည် မင်္ဂလာတပါးဖြစ်သည့်အတွက် မိဘဆရာသမားများကို ကြည်ညိုလေးစား တန်ဖိုးထား ကြသော ဝန်းကျင်ကောင်းတွေနဲ့ သာယာလှပတယ့် တက္ကသိုလ်ကြီးမှ ဂုဏ်ယူဝင့်ကြွားရသည့် လိမ္မာယဉ်ကျေး ထူးချွန်ထက်မြတ်သော လူချွန်လူကောင်းများ ဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းခဲ့ပြီးနောက် စီမံခန့်ခွဲမှုပညာဌာန ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါ သည်။

  

ဆက်လက်၍ စတုတ္ထနှစ်ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များကို ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက်၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ စီမံခန့်ခွဲမှုပညာ ဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ကိုယ်စားပြုအားကစားအဖွဲ့များအတွက် လှူဒါန်းပေးသည့် MBA ကျောင်းသား ကိုယ်စားတစ်ဦးအား လည်းကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဌာနမှူးများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် အာစရိယပူဇော်ပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။

  

တတိယပိုင်းအခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက် လာကြသည့် ဧည့်ပရိသတ်များကို အကအလှများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြ ပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် (First Semester, Second Semester) မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင်(Fresher Queen) နှင့် (First Semester, Second Semester) People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များက အဆိုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။

  

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စီမံခန့်ခွဲမှုပညာဌာန၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် မောင်သစ်လွင် (First Semester King) မယ်သစ်လွင်(First Semester Queen) နှင့် First Semester People Choice Boy and Girl, မောင်သစ်လွင် (Second Semester King) မယ်သစ်လွင်(Second Semester Queen) နှင့် Second Semester People Choice Boy and Girl များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (First Semester King), မောင်သစ်လွင်(Second Semester King) ရရှိသူတို့အား စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(First Semester Queen), မယ်သစ်လွင် (Second Semester Queen)ရရှိသူတို့အား စလွယ် စတားသရဖူနှင့် အမှတ်တရ လက်ဆောင်ကို လည်း ကောင်း၊ (First Semester, Second Semester)People Choice Boy ရရှိသူတို့အား စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ (First Semester, Second Semester) People Choice Girl ရရှိသူတို့အား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ယခင်နှစ် King နှင့် Queen တို့မှ အသီးသီး ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။

  

No. First Image Title Uploaded Date Type
1 လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/22/2026 7:26:38 PM News
2 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/21/2026 4:14:10 AM News
3 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ 7/21/2026 2:36:43 AM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:35:20 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:34:03 AM News
6 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
7 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
8 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
10 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing