UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

Teacher’s Capacity Building Training ဖွင့်ပွဲ အခမ်းအနား

Administration
20-November-2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Teacher’s Capacity Building Training ဖွင့်ပွဲ အခမ်းအနား အစီအစဉ်

          သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဆရာ/ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training)ဖွင့်ပွဲအခမ်းအနား ကို ဘွဲ့နှင်းသဘင် ခန်းမ၌ (၂၀.၁၁.၂၀၂၃)ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား တွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ် ဌာနမှူးများ၊ သင်တန်းရေးရာဌာနမှ ဌာနမှူးများ နှင့် တာဝန် ရှိသူများ၊ သင်တန်းသား ဆရာမ(၁၄)ဦး စုံစုံ ညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြား ရာတွင် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ တက္ကသိုလ်၏ vision ဖြစ်သည့် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားရင်းမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ/ဆရာမများ အနေဖြင့်၂၁ရာစု ပညာရေးအရ စာသင်ကြားတတ်ရုံ နှင့် မလုံလောက်ပဲ leadership skills, cooperation skills, collaboration skills, critical thinking skills, creatively  skills, communication skills တို့ဖြင့် ပြည့်ဝစေရန်၊ Capability building ဟုဆိုသည့် အတိုင်း မိမိတို့၏ Existing ability ကို ပိုမိုတိုးတက် စေရန် အရည်အသွေးမြှင့်တင်ပေးခြင်း ဖြစ်ကြောင်း၊ ဆရာ၊ဆရာများအနေဖြင့် မိမိတို့၏ အရည်အသွးကို တိုးတက်စေရန်၊ နည်းပညာများနှင့် အလှမ်းမကွာပဲ တိုးတက်သော ပညာရေးကို လက်လှမ်းမီနိုင်အောင် ကြိုးစားနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာ နှင့် သင်တန်းရေးရာဆိုင်ရာ အသိပညာဗဟုသုတများကိုပါ ထည့်သွင်း သင်ကြားပေးမည် ဖြစ်သည့်အတွက် သင်တန်းသူဆရာမများအနေဖြင့် ကြိုးစားသွားကြရန် မှာကြားခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာပြီးစီးခဲ့ပါသည်။ ဆရာ/ဆရာမများ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း (Teacher’s Capacity Building Training) သင်တန်းကို (၂၀.၁၁.၂၀၂၃) ရက် နေ့မှ (၂၄.၁၁.၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ပါသည်။

 

 

 

 

  

 

No. First Image Title Uploaded Date Type
1 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
3 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
4 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
5 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
7 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
8 မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ 3/18/2026 2:17:52 AM News
9 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူ့စွမ်းအားအရင်းအမြစ်သင်တန်း (HRD Programme)၊ Diploma in Human Resource Management (Dip.HRM)(Online) 4th Batch အာစရိယပူဇော်ပွဲ ကျင်းပ 3/12/2026 3:50:02 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/25/2026 2:35:03 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing