UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြောင်းလဲကျင့်သုံးမည့် Assessment System နှင့် စတုတ္ထနှစ်ဘွဲ့ကြိုသင်တန်း Term/Project Paper များ နှင့် ပတ်သက်သည့် သင်ကြားရေးအဖွဲ့ (BOS) အစည်းအဝေး ဖွင့်ပွဲအခမ်းအနား

Administration
14-November-2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၃/၂၀၂၃) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် ပြောင်းလဲကျင့်သုံးမည့် Assessment System နှင့် စတုတ္ထနှစ်ဘွဲ့ကြိုသင်တန်း Term/ Project Paper များနှင့် ပတ်သက်သည့် သင်ကြားရေးအဖွဲ့ (BOS) အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို Conference Room ၌ (၁၄.၁၁.၂၀၂၃)ရက်နေ့ နံနက်(၁ဝး၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ သင်တန်းရေးရာဌာနမှ ဌာနမှူး၊ မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် သက်ဆိုင်ရာ ဘာသာရပ် ဌာနမှူးများ၊ သမဝါယမကောလိပ်(ဖောင်ကြီး)မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာဌာနမှူးများ၊ သမဝါယမကောလိပ် (မန္တလေး)မှ ‌ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာ ဌာနမှူးများ၊ ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းအုပ်ကြီး နှင့် သက်ဆိုင်ရာဌာနမှူးများ၊ ပြင်ပပညာရှင်များဖြစ်သည့် ဒေါက်တာရီရီအေး [ပါမောက္ခချုပ်(ငြိမ်း)] တို့ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် Majorအသီးသီးတွင် တတိယနှစ် ပထမနှစ်ဝက် (သို့မဟုတ်) ဒုတိယနှစ်ဝက်တွင် Research Methodology သင်ကြားရန်နှင့် စတုတ္ထနှစ် ဘွဲ့ကြိုသင်တန်းတွင် Term/Project Paper ကို Credit Unit ပေးရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီးနောက် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဆက်လက်၍ တက္ကသိုလ်၊ ကောလိပ်များမှ ပညာရှင်များနှင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ဆွေးနွေးညှိနှိုင်းခြင်းများကို အစီအစဉ်များကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သက်ဆိုင်ရာဘာသာရပ်များအလိုက် ပညာရှင်များ ဆွေးနွေးညှိနှိုင်းမှုများကို (၁၄.၁၁.၂၀၂၃)ရက် နေ့မှ (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

    

No. First Image Title Uploaded Date Type
1 သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/30/2026 10:08:43 PM News
2 (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ 7/30/2026 4:04:21 AM News
3 ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/24/2026 4:23:29 AM News
4 စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ(အထူးပြု) ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/23/2026 7:57:19 PM News
5 လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ(အထူးပြု)ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/22/2026 7:26:38 PM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/21/2026 4:14:10 AM News
7 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ 7/21/2026 2:36:43 AM News
8 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:35:20 AM News
9 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:34:03 AM News
10 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing