|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) Human Resource Development ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဝန်ထမ်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမတွင်(၂.၁၁.၂၀၂၆) ရက်နေ့၊ မွန်းလွဲ(၁၄:၀၀) နာရီအချိန်၌ HRD ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဝန်ထမ်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ (စီမံ၊ သင်တန်း၊ သုဖွံ့)ဌာနများမှ (ဌာနမှူး)များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ တွဲဖက်ပါမောက္ခ (ဌာနမှူး)နှင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီ ဒုတိယပါမောက္ခချုပ်(သင်ကြား)က ထောက်ပံ့ကြေးနှင့် ပတ်သက်သည်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် ဝန်ထမ်း(၂၅၀)ဦးအတွက် ထောက်ပံ့ကြေးများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပါသည်။ ထို့နောက် မှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


|