|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အဆောင်နာယကများ၊ စီမံခန့်ခွဲရေးဌာနမှ ဌာနမှူး၊သင်တန်းရေးရာဌာနမှူး၊ မော်ကွန်းထိန်းနှင့် အဆောင်မှူးများသည် မြတ်လူမွန်အမျိုးသားအဆောင်၊ အားကစားရုံ (ယာယီကျောင်းသား အိပ်ဆောင်)၊ မြစံပယ်အမျိုးသမီးအဆောင်နှင့် မြမဉ္ဇူအမျိုးသမီးအဆောင်များသို့ (၁၁.၉.၂၀၂၆) ရက်နေ့ ညနေ(၅း၃၀) နာရီတွင် Hall Visit သွားရောက်ခဲ့ကြပါသည်။ ထို့နောက် ပါမောက္ခချုပ်မှ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲကို ရိုးသားကြိုးစားစွာဖြင့် ကောင်းမွန်စွာ ဖြေဆိုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ ချစ်ချစ်ခင်ခင်နှင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်၊ အဆောင်စည်းကမ်းများကို လိုက်နာကြရန်၊ အဆောင် နာယကနှင့် အဆောင်မှူးများ၏ ဆုံးမစကားများကို မှတ်သားလိုက်နာကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ အဆောင်နာယကများမှ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲကာလအတွင်း အထောက်အကူဖြစ်စေရန်အတွက် အာဟာရ စားသောက်ဖွယ်ရာများကို လက်ဆောင်ပေးအပ်ခဲ့ပါသည်။




|