UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ

Administration
14-September-2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
(၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ


       သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)တွင် ၁/၂ဝ၂၆ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို (၁၁.၉.၂ဝ၂၆) ရက် နံနက်(၁ဝ:ဝဝ) နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အုပ်ချုပ်ရေးဌာနများမှ(ဌာနမှူး)များ၊သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
      ထို့နောက် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တက္ကသိုလ်မိသားစုဝင်များအနေဖြင့် မိမိတို့၏တက္ကသိုလ် အပေါ်ထားရှိသည့် စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှု၊ တာဝန်ယူမှုနှင့် အနာဂတ်မျှော်မှန်းချက်များ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ လိုအပ်ချက်များကို ဖော်ထုတ်တင်ပြသည့် အခမ်းအနားဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု တိုးတက်အောင်မြင်ရန်အတွက် စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူမှုနှင့် လူ့စွမ်းအားအရင်းအမြစ်များက အဓိကအရေးပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သုတေသန၊ ဆန်းသစ်တီထွင်မှု၊ အသိပညာမျှဝေမှုနှင့် ကျောင်းသားများ၏ အရည်အသွေးဖွံ့ဖြိုး တိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် တက္ကသိုလ်၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းတာဝန်များကို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိစွာ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရေး၊ ပိုမိုကောင်းမွန်သော တက္ကသိုလ် ဖြစ်စေရန်နှင့် နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် တက္ကသိုလ်မိသားစု အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် (ဒုတိယနှစ်ဝက်)နှင့် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် (ပထမနှစ်ဝက်) စာမေးပွဲကျင်းပရာတွင် တာ၀န်ကျ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအနေဖြင့် တက္ကသိုလ်မှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်ရှိပါက စာမေးပွဲကျင်းပရေးနှင့် ကြီးကြပ်ရေး ဦးစီးကော်မတီသို့ အချိန်နှင့် တပြေးညီတင်ပြသွားကြရန် မှာကြားလိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့တင်ပြလိုသော ကိစ္စရပ်များ၊ အခက်အခဲများကို ပွင့်လင်းစွာဖြင့်တင်ပြစေလိုကြောင်း၊တင်ပြလာသည့်အပေါ် တက္ကသိုလ် တာဝန်ရှိသူများက ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
       အစီအစဉ်အရ ဌာန၊ဌာနခွဲများရှိ ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ချက်များအပေါ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(သင်ကြား)တို့မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်(စီမံ)က ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်နှင့်ညွှန်ကြားချက်များကို ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများသိရှိစေရန် ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ပါမောက္ခချုပ်ကနိဂုံးချုပ်အနေဖြင့် တက္ကသိုလ်မိသားစုအားလုံး စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပြီး အခမ်းအနားကို (၁၁:ဝ၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

       

       

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
4 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
5 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
6 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
7 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
9 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing