|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ
ဩဂုတ် ၂၄၊ ၂၀၂၆ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု -ဌာနမှူး၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ (တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနားကို T-1 စာသင်ဆောင်ရှိ Conference Room တွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ၊ သင်တန်း၊ သု/ဖွံ့ ဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)နှင့် ဒေါ်နွယ်နွယ်အောင်၊ ဒု-ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာဌာနခွဲ(တွဲဖက်)တို့ စုံစုံညီညီတက်ရောက်ကြသည်။ ထို့နောက် ပါမောက္ခချုပ်က နှုတ်ဆက်စကားပြောကြားရာတွင် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သက်ပြည့်ပင်စင် ခံစားသည်အထိ အပြစ်ပေးခံရခြင်းမရှိဘဲ တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပင်စင်ယူပြီးနောက်တွင်လည်းမိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး လောကီ၊လောကုတ္တရာလုပ်ငန်းများကို ယခုထက်ပိုမို၍ ဆောင်ရွက်နိုင်ပါစေကြောင်း တက္ကသိုလ်မိသားစုကိုယ်စား ဆုတောင်းမေတ္တာပို့သကြောင်းပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ဒုတိယပါမောက္ခချုပ်များမှလည်း နှုတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်သည့် အမှတ်တရ အဖြစ် Crystal ဆုတံဆိပ် ပေးအပ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများက အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပါသည်။ ထို့နောက် သက်ပြည့် ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာဌာနခွဲ (တွဲဖက်) မှလည်း တာဝန်ထမ်းဆောင်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံးများနှင့် နှုတ်ဆက် စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


|