|
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား
ဩဂုတ် ၂၁၊ ၂၀၂၆
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာ ရှင်းလင်းပြောကြားသည့် အခမ်းအနားကို (၂၁-၈-၂၀၂၆) ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ယင်းအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အထူးပြုဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာ(ဌာနမှူး) နှင့် တာဝန်ရှိသူများ၊ အတန်းတာဝန်ခံ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် အထူးပြုဘာသာရပ်ရွေးချယ်ရေး အခမ်းအနားသည် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့် အနာဂါတ်အသက်မွေးဝမ်းကျောင်းအတွက် အရေးကြီးသော အခမ်းအနားဖြစ်ကြောင်း၊ ယနေ့ခေတ်သည် နည်းပညာနှင့် အသိပညာများ အလျင်အမြန် ပြောင်းလဲ တိုးတက်နေသည့် ခေတ်ဖြစ်သည့်အတွက် ဘာသာရပ်တစ်ခုကို သင်ယူပြီး ဘွဲ့ရရှိရုံဖြင့် မလုံလောက်ကြောင်း၊Critical Thinking, Problem Solving, Communication, Teamwork, Leadership, Digital Skills နှင့် Entrepreneurship စသည့် အရည်အချင်းများကိုလည်း တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်တွင် (၁) Social Enterprise Management (လူမှုစီးပွားရေးစီမံခန့်ခွဲမှုပညာ)၊ (၂) Regional Development (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) (၃) Applied Statistics (အသုံးချစာရင်းအင်းပညာ) (၄) Accounting and Finance (စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ) (၅) Marketing Management (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ) ဟူ၍ အထူးပြုဘာသာရပ်ကြီး (၅)ခု ရှိကြောင်း၊ ယင်းအထူးပြု ဘာသာရပ်များသည် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်နေသော အထူးပြုဘာသာရပ်များဖြစ်ကြောင်း၊ အထူးပြုဘာသာရပ် ရွေးချယ်ခြင်းသည် အဆုံးသတ်မဟုတ်ဘဲ မိမိတို့ ရွေးချယ်ထားသော ဘာသာရပ်တွင် ထူးချွန်အောင်ကြိုးစားခြင်း၊ လက်တွေ့ကျွမ်းကျင်မှုများ တိုးတက်အောင် လေ့ကျင့်ခြင်းနှင့် တစ်သက်တာ လေ့လာသင်ယူခြင်းတို့ကသာ မိမိတို့၏ အနာဂါတ်အောင်မြင်မှုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ မွေးထုတ်ပေးသည့် ဘွဲ့ရရှိသူများသည် ဘာသာရပ်ကျွမ်းကျင်ရုံသာမက အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသော၊ နိုင်ငံတကာအဆင့်မီ အရည်အချင်းများ ပိုင်ဆိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေလိုကြောင်း၊ မိမိတို့ တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံတော်က အားထားရသော ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာကြည်ကြည်ဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ အထူးပြုဘာသာရပ်ဆိုင်ရာ ရွေးချယ်ရေးနှင့် စပ်လျဉ်း၍ ဆက်လက် ရှင်းလင်းပြောကြား ပါသည်။ ဆက်လက်၍ အထူးပြုဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များက အထူးပြုဘာသာရပ်များ ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။




|