UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Administration
17-August-2026

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 
ဩဂုတ် ၁၄၊ ၂၀၂၆

     သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂ဝ၂၅-၂၀၂၆ပညာသင်နှစ် မိုးရာသီအားကစား (ပိုက်ကျော်ခြင်း၊ ဘောလီဘော) ပြိုင်ပွဲပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၁၄.၈.၂ဝ၂၆)၊ ညနေ(၅းဝဝ) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
          အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ၊သင်ကြား)၊ စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။
        အခမ်းအနားအစီအစဉ်အရ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၏ Cheerleader Group မှအကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ပိုက်ကျော်ခြင်းအသင်းအား သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူးမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာ ပိုက်ကျော်ခြင်းအသင်းအား အသုံးချစာရင်းအင်းပညာဌာနမှ ပါမောက္ခ၊ ဌာနမှူးမှ လည်းကောင်း၊ တတိယဆုရရှိသည့် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ပိုက်ကျော်ခြင်းအသင်းအား သမဝါယမပညာဌာနမှ ပါမောက္ခ၊ ဌာနမှူးမှ လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
        ထို့နောက် ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ဘောလီဘော အသင်းအား ပါမောက္ခချုပ်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ ဘောလီဘောအသင်းအား ဒုတိယပါမောက္ခချုပ်(စီမံ)မှလည်းကောင်း၊ တတိယဆုရရှိသည့် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ အထူးပြုမေဂျာ ဘောလီဘောအသင်းအား ဒုတိယပါမောက္ခချုပ် (သင်ကြား)မှလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ MPA 4th Batchမှ ပထမနှစ် သင်တန်းသား၊ သင်တန်းသူ ၄ဦး ကိုယ်စား ဒုတိယပါမောက္ခချုပ်(သင်ကြား)က လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာမှ အားကစားသမားများကိုလည်းကောင်း၊ အသုံးချစာရင်းအင်းပညာဌာနမှူးက အသုံးချစာရင်းအင်းပညာ အထူးပြုမေဂျာမှ အားကစားသမားများကိုလည်းကောင်း ဆုငွေများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ကြပြီး မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “Statistics Theory and Applications”သင်တန်း၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား 8/11/2026 11:18:37 PM News
3 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး လာရောက်ကြည့်ရှုစစ်ဆေးခြင်း 8/11/2026 4:01:51 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သိကောင်းစရာများဆွေးနွေး 8/9/2026 9:20:44 PM News
5 စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုံ) 8/5/2026 10:20:08 PM News
6 အလုပ်အကိုင်အခွင့်အလမ်းများကို ဆွေးနွေး 8/5/2026 9:48:18 PM News
7 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 11:13:26 PM News
8 ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ 8/4/2026 10:06:37 PM News
9 တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဘောလုံး အားကစားပြိုင်ပွဲ(စစ်ကိုင်းဇုန်)ကျင်းပ 8/3/2026 9:50:37 PM News
10 သမဝါယမဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/30/2026 10:08:43 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing