|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၂၀၂၆ ခုနှစ်တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ (စစ်ကိုင်းဇုန်)ကျင်းပ
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ကောလိပ်ပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲကို ဩဂုတ်လ ၄ ရက်မွန်းလွဲပိုင်း၌ နှစ် ၇၀၀ အားကစားရုံတွင် ကျင်းပခဲ့ပါသည်။ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများကြည့်ရှုအားပေးခဲ့ကြပြီးပြိုင်ပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)အသင်းကစစ်ကိုင်းပညာရေးဒီဂရီကောလိပ်အသင်းကို (၃:၂)ဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

|