|
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် သီလပွဲအခမ်းအနားကျင်းပ ==================================
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ သီလပွဲအခမ်းအနားကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ တိလောကမာရဇိန်ဘုရားရှိ အောင်သိဒ္ဓိဓမ္မာရုံတွင် ဝါဆိုလပြည့်နေ့ (၂၉-၇-၂၀၂၆) ရက် နေ့၊ နံနက်(၆:၃၀) နာရီ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ရွှေသမားကျောင်းတိုက် ဆရာတော်ဘုရားနှင့်သံဃာတော်များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများ ဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သင်ကြားရေးဌာန (၁၁) ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများ၊ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ ရွှေသမားဆရာတော်ကြီးနှင့် ပင့်သံဃာတော်(၅)ပါးတို့အား ပါမောက္ခချုပ် ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များမှ အာရုံဆွမ်းနှင့် အချိုပွဲတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ ကြပါသည်။ ထို့နောက် မြတ်စွာဘုရားအားပူဇော်ကန်တော့ကြပြီး ကိုးပါးသီလတို့ကို ခံယူ ဆောက်တည်ခဲ့ကြကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ၊သု/ဖွံ့ဌာနတို့မှ ဌာနမှူး များက ဝါဆိုသင်္ကန်းခြင်းနှင့်တကွ လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် အနု မောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယနေ့ဝါဆိုလပြည့်နေ့အခါသမယ သီလပွဲကုသိုလ်ရှင် ပါမောက္ခချုပ်နှင့်တက္ကသိုလ် မိသားစုဝင်များ၏ စုပေါင်းအလှူဖြင့် ကြွရောက်လာကြသော တက္ကသိုလ်ရှိ မိသားစုဝင်များ၊ ဧည့်သည်များနှင့် ကျောင်းသား/ကျောင်းသူများအား ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
|