UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

Administration
21-July-2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ
------------
ဇူလိုင် ၂၀၊ ၂၀၂၆ခုနှစ်
-----------
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချ စာရင်းအင်းပညာအထူးပြု ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို (၂၀-၇-၂၀၂၆) နေ့၊ နံနက် ၀၈:၀၀ နာရီတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံခန့်ခွဲရေးဌာန၊ သင်တန်းရေးရာဌာန၊ သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာန (၁၁) ဌာနမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)၊ မော်ကွန်းထိန်းများ၊ ဆရာ၊ ဆရာမများနှင့် အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာမှ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အသုံးချစာရင်းအင်းပညာအထူးပြု ကျောင်းသား/သူများက ပါမောက္ခချုပ်နှင့်တကွ ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဂါရဝပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ အစီအစဉ်အရ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာဥမ္မာစံက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် "အသုံးချစာရင်းအင်းပညာသည် ရသုံးမှန်းခြေ၊ အစိုးရအသုံးစရိတ် နှင့် သန်းခေါင်စာရင်း တွက်ချက်ခြင်း အပါအဝင် သုတေသနနည်းပညာများဖြင့် စီးပွားရေးအခြေအနေများကို ဖော်ထုတ်ပေးနိုင်သောကြောင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့နယ်ပယ် အလုပ်အကိုင်များအတွက် အလွန်အရေးပါသော ဘာသာရပ်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူထားသော ပညာများကို အစွမ်းကုန် အသုံးချကာ ဇွဲ၊ လုံလ၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ မိဘ၊ ဆရာ၊မောင်ဘွားများ၏ ကျေးဇူးကို သိတတ်ပြီး ဗလငါးတန်နှင့် ပြည့်စုံသော ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန် တိုက်တွန်းလိုပါ ကြောင်း၊ ဆရာသမားများအား ပူဇော်ကန်တော့သည့် အကျိုးတရားများကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် လိုရာပန်းတိုင်သို့ ချောမွေ့စွာ ရောက်ရှိကြပြီး မိမိတက္ကသိုလ်၊ မိမိဒေသနှင့် နိုင်ငံတော်က အားထားရသည့် သားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း ဆုတောင်း စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ) ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး)တို့က မောင်မယ်သစ်လွင်များအား အသီးသီးကြိုဆို နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြပြီးနောက် အသုံးချစာရင်းအင်းပညာအထူးပြု မဟာတန်း ကျောင်းသားတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသုံးချစာရင်းအင်းပညာ(အထူးပြု) ဒုတိယနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ရာ နံနက် ၀၉:၀၀ နာရီတွင် အခမ်းအနား ပထမပိုင်းအစီအစဉ် ပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်း အစီအစဉ်အဖြစ် အသုံးချစာရင်းအင်းပညာ၏ မေဂျာဂုဏ်ဆောင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဆုရ ဖူဆယ်ဘောလုံးအသင်း အမျိုးသမီးအသင်းအား ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ စာရင်းအင်းပညာဌာနမှ ပါမောက္ခ (ဌာနမှူး) နှင့် ပါမောက္ခတို့မှ ဂုဏ်ပြုမှတ်တမ်းနှင့်အတူ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အသုံးချ စာရင်းအင်းပညာ(အထူးပြု) မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင် (Fresher Queen)၊ People Choice Boy၊ People Choice Girl၊ Mr. Smile နှင့် Miss Smile ရွေးချယ်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ ပြိုင်ပွဲဝင်များအား မိတ်ဆက်ပေးခဲ့ပြီး တက်ရောက်လာသူများ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရရှိသူများကို ရွေးချယ်ခဲ့ကြသည်။ ရွေးချယ်ခံရသည့် Fresher King၊ Fresher Queen၊ People Choice Boy People Choice Girl၊ Mr. Smile နှင့် Miss Smile တို့အား စလွယ်နှင့် အမှတ်တရလက်ဆောင်များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဒုတိယ ပါမောက္ခချုပ် (သင်ကြား) နှင့် စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး)တို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ယခင်နှစ် King, Queen နှင့် People Choice Award ရရှိသူများက စလွယ်နှင့် သရဖူများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ ထို့နောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မွန်းလွဲ ၀၂:၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
No. First Image Title Uploaded Date Type
1 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ(အထူးပြု)ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ 7/21/2026 4:14:10 AM News
2 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အသုံးချစာရင်းအင်းပညာ(အထူးပြု) ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ 7/21/2026 2:36:43 AM News
3 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:35:20 AM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် ကျောင်းသား/သူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 7/21/2026 2:34:03 AM News
5 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ် ဆွေးနွေးပို့ချခြင်း 7/15/2026 7:20:30 PM News
6 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
7 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
9 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing