UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

Administration
25-February-2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ


10 Feb,2026

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄)နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို (၆.၂.၂၀၂၆)နေ့ နံနက်(၈:၃၀)နာရီ အချိန်တွင် T1 -203 စာသင်ခန်း၌ ကျင်းပခဲ့ပါသည်။

အဆိုပါစာတမ်းဖတ်ပွဲသို့ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသော ပြင်ပသဘာပတိများအဖြစ် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ (သန်လျင်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ် (သင်ကြား)၊  သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနမှ ဌာနမှူး၊ သင်ကြားရေးရာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊  ကထိက(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိဝန်ထမ်းများနှင့် ကျောင်းသား /ကျောင်းသူများက စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။
   
ပါမောက္ခချုပ် ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့ စာတမ်းဖတ်ပွဲ Theme မှာ “Focuses on Applied Research that Connects Academic Concepts to Industry or Community needs” ဖြစ်ပြီး  ပြည်တွင်းပြည်ပတွင် အရည်အသွေးပြည့်ဝပြီး လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်မည့် ဘာသာရပ်အကျိုးပြု၊ တက္ကသိုလ်အကျိုးပြု၊ ဒေသ အကျိုးပြု၊ နိုင်ငံအကျိုးပြုစာတမ်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပြီး သုတေသန တွေ့ရှိချက်များကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်လျက် ရှိရာ တက္ကသိုလ်သင်ကြားရေးဌာန(၁၁)ဌာနမှ မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ရေး သားတင်သွင်းထားသည့် လူမှုအဖွဲ့အစည်းအကျိုးပြု၊ ဘာသာရပ်အကျိုးပြု သုတေသနစာတမ်း ပေါင်း (၂၃၇)စောင် ထုတ်ဝေခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော Korea Myanmar Research Association (KOMYRA), Sunchon National University, Korea တို့နှင့် MoU လက်မှတ်ရေးထိုးပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုသုတေသနစာတမ်း စုစုပေါင်း (၄၂)စောင် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ 

တက္ကသိုလ်သည် စီးပွားရေးပညာရပ် များနှင့် စီးပွားရေးပညာရပ်များကို အထောက်အကူပြုသည့် ဘာသာရပ်များကို သင်ကြား ပေးနေသော တက္ကသိုလ် ဖြစ်သည်နှင့်အညီ သုတေသနစာတမ်းများကိုလည်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် အရည်အသွေးပြည့်ဝသော သုတေသနရလဒ်များ ပေါ်ထွက်လာစေရန် နှင့် ထိုရလဒ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်အောင် ဆက်လက်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ သုတေသနပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ခြင်း၊ Critical Thinking, Conceputal Skills, Analytical Skills စသော အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး ဆရာ/ဆရာမများအနေဖြင့် အနာဂတ်တွင် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု စာတမ်းများရေးသားနိုင်သည်အထိ ကြိုးစားသွားကြရန်လိုကြောင်း၊ အပြည်ပြည် ဆိုင်ရာ သုတေသနဂျာနယ်များကို ရေးသားပြီး International Publication ရနိုင်ရန် ဆက်လက် ကြိုးစားသွားကြစေလိုကြောင်း၊ ယနေ့စာတမ်းဖတ်ပွဲတွင် ဘာသာရပ် (၁၁)ဌာနမှ သုတေသန စာတမ်း စုစုပေါင်း(၁၂)စောင်ဖတ်ကြားမည်ဖြစ်ပြီး ယနေ့အခမ်းအနားကိုကျင်းပနိုင်ရန် တာဝန်ယူ ဆောင်ရွက်ပေးပါသော တာဝန်ရှိသူများ၊ တက်ရောက်လာကြသော ဆရာကြီး၊ဆရာမကြီးများနှင့် ကျောင်းသား/သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
   
ဆက်လက်၍ စာတမ်းရှင်များမှ တက္ကသိုလ်အကျိုးပြုစာတမ်း (၁)စောင်၊ ဘာသာရပ် အကျိုးပြုစာတမ်း(၄)စောင်နှင့် ဒေသဆိုင်ရာအကျိုးပြုစာတမ်း(၅)စောင်၊ အဖွဲ့အစည်းအကျိုးပြု (၂) ဖြင့် စုစုပေါင်း စာတမ်း(၁၂)စောင် အား ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။
ထို့နောက် သဘာပတိများနှင့် စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ညနေ (၁၆း၃၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
2 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
3 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
4 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
7 မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ 3/18/2026 2:17:52 AM News
8 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူ့စွမ်းအားအရင်းအမြစ်သင်တန်း (HRD Programme)၊ Diploma in Human Resource Management (Dip.HRM)(Online) 4th Batch အာစရိယပူဇော်ပွဲ ကျင်းပ 3/12/2026 3:50:02 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/25/2026 2:35:03 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ 2/25/2026 2:33:30 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing