UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း

Administration
05-February-2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း


29 Jan,2026

 

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁( MICC- I) ၌ တွင် ပြုလုပ်ခဲ့သည့် Youth Peace Forum 2026 သို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သော ကျောင်းသား/ကျောင်းသူ(၂)ဦးတို့မှ ဖိုရမ်နှင့် ပတ်သတ်၍ အတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို တက္ကသိုလ် အစည်းအဝေးခန်းမ၌ (၂၆.၁.၂၀၂၆)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါရှင်းလင်းပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ (သင်တန်း၊ စီမံ၊ သု/ဖွံ့)ဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး) ၊ ကထိက(ဌာနမှူး)များ၊ နှင့် မေဂျာအသီးသီးမှ ကျောင်းသား/သူ ကိုယ်စားလှယ် အတန်းခေါင်းဆောင်များသည်  အစည်းအဝေးခန်းမ၌လည်းကောင်း၊ မေဂျာ (၅)မေဂျာမှ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား/သူများသည် သက်ဆိုင်ရာ စာသင်ခန်း များမှ zoom ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူငယ်များ၏ ပါဝင်မှု စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်နှင့် အမျိုးသားအဆင့် အားလုံးပါဝင်နိုင်မှု အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်စေရန် ရည်ရွယ်၍ နေပြည်တော်၊ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁( MICC-I) တွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကျင်းပပြုလုပ်ခဲ့ရာ မိမိတို့တက္ကသိုလ်မှ စတုတ္တနှစ်ကျောင်းသား/ကျောင်းသူများ ဖြစ်သည့် မောင်အာကာထွန်းလင်းနှင့် မထက်ထက်ဝင်းသူတို့မှ အဖွဲ့(၃)၏ “စီးပွား‌ရေးအလုပ်အကိုင် အခွင့်အလမ်း၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာ အခြေပြုစီးပွားရေး” ခေါင်းစဉ်ဖြင့် တက်ရောက် ဆွေးနွေးပါဝင်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အနေဖြင့် ဒုတိယဆု ရရှိခဲ့ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ၎င်းဖိုရမ်၌ ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့်အတူ ဖိုရမ်အတွေ့အကြုံများကို ပြန်လည်ရှင်းလင်း ပြောကြားမည်ဖြစ်ပါကြောင်း၊ လူငယ် ငြိမ်းချမ်းရေးဖိုရမ်နှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများကို မှာကြားလိုသည်မှာ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးကဏ္ဍ၌ ကျောင်းသား၊ ‌ကျောင်းသူများကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီး တက်ကြွသည့်စိတ်၊ သင်ကြားထားသည့် အတတ် ပညာနှင့် အတွေ့အကြုံများ ပေါင်းစပ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားခဲ့ပါသည်။ 

ဆက်လက်၍ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆သို့ တက်ရောက်ဆွေးနွေးခဲ့သည့် စတုတ္တနှစ်ကျောင်းသား/ကျောင်းသူများဖြစ်သော မောင်အာကာထွန်းလင်းနှင့် မထက်ထက်ဝင်းသူတို့မှ Youth Peace Forum 2026 သို့တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည့် အတွေ့ အကြုံများအနေဖြင့် “မိမိတို့မတွေ့ကြုံဖူးသော အတွေ့အကြုံအသစ်နှင့် အတွေးအမြင်များ ရရှိခဲ့ခြင်း၊ မတူညီသော ဒေသအသီးသီး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူ လူငယ်များနှင့် ချစ်ခင်ရင်းနှီးမှုများ ရရှိခဲ့၍ ဆက်ဆံရေးနယ်ပယ် အဝန်းအဝိုင်းများကို ရရှိခဲ့ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် လူငယ်အင်အားများ မည်မျှ အရေးပါကြောင်းကို သိရှိခဲ့ရခြင်း၊ ငြိမ်းချမ်းသာယာသော နိုင်ငံတော် တည်ဆောက်ရာတွင် မိမိတို့ လူငယ်များအနေဖြင့် တစိတ်တပိုင်း ပါဝင်လုပ်ဆောင်နိုင်ခဲ့ခြင်း စသည့် အသိ အမြင်အကျိုးကျေးဇူးများရရှိခဲ့ပါကြောင်း” ရှင်းလင်း ပြောကြားခဲ့ပြီးနောက် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ 2/5/2026 1:30:05 AM News
2 လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း 2/5/2026 1:28:16 AM News
3 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက် 2/5/2026 1:26:32 AM News
4 Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ 2/5/2026 1:25:03 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:23:32 AM News
6 တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ 2/5/2026 1:21:49 AM News
7 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု HRD Programme များဖြစ်ကြသည့် MDevS နှင့် MFM (First Batch) online programme တို့၏ Orientation Ceremony ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:20:00 AM News
8 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း 1/8/2026 2:22:17 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ 1/8/2026 2:18:45 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing