UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက်

Administration
05-February-2026

2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက်


22 Jan,2026

 

နေပြည်တော် MICC I တွင် (၁၃.၁.၂၀၂၆) ရက်နေ့မှ (၁၆.၁.၂၀၂၆)ရက်နေ့ အထိ ကျင်းပခဲ့သည့် 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မောင်အာကာထွန်းလင်း (စလစ-၁၁) နှင့် မထက်ထက်ဝင်းသူ (စဈစ-၄)တို့သည် တိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့ဝင်များအဖြစ် တက်ရောက်ခဲ့ပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး (၁)ဦး၊ အုပ်ချုပ်သူဆရာ(၂)ဦးနှင့် ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူလူငယ် (၁၀)ဦးတို့ ပါဝင်သည့်အဖွဲ့သည် (၁၁.၁.၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် စုရပ်ဖြစ်သည့် စစ်ကိုင်းမြို့၊ အသင်္ခရာစောယွန်း ဧည့်ရိပ်သာမှ နေပြည်တော်သို့ ထွက်ခွာခဲ့ကြသည်။  

(၁၃.၁.၂၀၂၆)ရက်နေ့တွင် MICC I နေပြည်တော်၌ 2026 Youth Peace Forum အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ 
 
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေ့လယ်ပိုင်းအစီအစဉ်အရ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် Knowledge Sharing အနေဖြင့် ပညာရှင်တစ်ဦးမှ ဆွေးနွေးဟောပြောပို့ချခဲ့ပြီး တိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦးမှ အတွေ့ အကြုံများ Sharing ပြောကြားပေးခဲ့ပါသည်။ 

2026 Youth Peace Forum ဒုတိယရက်  ဖြစ်သည့် (၁၄.၁.၂၀၂၆)ရက်နေ့တွင် Group များ အသီးသီးဖွဲ့ပေး၍ သက်ဆိုင်ရာ Knowledge များကို ပညာရှင်များက ဆွေးနွေးဟောပြောခဲ့ပြီးနောက် Project ခေါင်းစဉ်များရွေးချယ်၍ Group အလိုက် ဆွေးနွေးပြင်ဆင်ခဲ့ကြပါသည်။ 

2026 Youth Peace Forum တတိယရက် ဖြစ်သည့် (၁၅.၁.၂၀၂၆) ရက်နေ့တွင် Group အလိုက် ရွေးချယ်ထားသော Project ခေါင်းစဉ်များဖြင့် ဆွေးနွေးယှဉ်ပြိုင်ခဲ့ရာ “A Public-Private Partnership Pilot Project” ခေါင်းစဉ်ဖြင့် တက္ကသိုလ်ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် Group 3 မှ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ 

ထို့ပြင် တက္ကသိုလ်ကိုယ်စားပြု ကျောင်းသား မောင်အာကာထွန်းလင်း (စလစ-၁၁)သည် Cyber Security Quiz Question တွင် တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ 

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ပြီး ဒုတိယတပ်မတော်ကာကွယ်‌ရေးဦးစီးချုပ်မှ အမှာစကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်း၊ ကချင်၊ ချင်း၊ တနင်္သာရီမှ တိုင်းရင်းသား(၄)ဦးမှ ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။ 

ထို့နောက်  2026 Youth Peace Forum မှ လူငယ် ကြေငြာစာတမ်းတစ်ရပ်ကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

(၁၅.၁.၂၀၂၆)ရက်နေ့ ညနေပိုင်းတွင် ညစာစားပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ (၁၆.၁.၂၀၂၆)ရက်နေ့တွင် Forum သို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများနှင့်အဖွဲ့များအား နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် စစ်သမိုင်း ပြတိုက်၊ ရေပန်းဥယျာဉ်၊ Naypyidaw State Academy, Naypyidaw State Polytechnic University များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပြီးနောက် (၁၇.၁.၂၀၂၆)ရက်နေ့တွင် စစ်ကိုင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၏ (၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲ နှင့် (၁၄)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ 2/5/2026 1:30:05 AM News
2 လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း 2/5/2026 1:28:16 AM News
3 2026 Youth Peace Forum သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ကိုယ်စားပြု ကျောင်းသား၊ကျောင်းသူ (၂)ဦး တက်ရောက် 2/5/2026 1:26:32 AM News
4 Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ 2/5/2026 1:25:03 AM News
5 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:23:32 AM News
6 တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ 2/5/2026 1:21:49 AM News
7 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု HRD Programme များဖြစ်ကြသည့် MDevS နှင့် MFM (First Batch) online programme တို့၏ Orientation Ceremony ဖွင့်ပွဲအခမ်းအနားကျင်းပ 2/5/2026 1:20:00 AM News
8 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း 1/8/2026 2:22:17 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ 1/8/2026 2:18:45 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing