သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း
================
မုံရွာစီးပွားရေးတက္ကသိုလ် ၏ (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံကို (၂၂.၁၂.၂၀၂၅) ရက်နေ့နှင့် (၂၃.၁၂.၂၀၂၅)ရက်နေ့များတွင် နံနက် (၀၉:၀၀) နာရီမှ ညနေ (၀၅:၀၀)နာရီ အချိန်အထိ မုံရွာစီးပွားရေးတက္ကသိုလ် Conference Room, Silver Jubilee Hall တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကိုယ်စားပြု သုတေသနစာတမ်းရှင်များဖြစ်ကြသည့် ဒေါက်တာယဉ်မွန်သန့်၊ ပါမောက္ခ၊ စာရင်းအင်းပညာဌာနမှ "Analysis of Factors Influencing on Flood Losses in Bago City" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာဝေဖြိုးအောင်၊ တွဲဖက်ပါမောက္ခ၊ စီမံခန့်ခွဲမှုပညာဌာန မှ "Entrepreneurial Orientation and Performance of Food Processing Firms in Naypyitaw” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာရန်ဝေးခိုင်၊ တွဲဖက်ပါမောက္ခ၊ မြန်မာစာဌာနမှ “ပုဂံခေတ်ကျောက်စာများမှ ကျိန်စာစကားပြေ လေ့လာချက်” ခေါင်းစဉ် ဖြင့်လည်းကောင်း သုတေသနစာတမ်းများကို အသီးသီး ဖတ်ကြားတင်သွင်းခဲ့ပါသည်။