UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

Administration
10-February-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနား ကျင်းပ


03 Feb,2025

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဥပ‌ဒေအသိပညာ‌ပေးဟောပြောပွဲ အခမ်းအနားကို Theater I ၌ (၃၀.၁.၂၀၂၅)ရက်နေ့ နံနက်(၉း၁၅)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ (စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန)များမှ ဌာနမှူး များ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၁၁၆)ဦး စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်မှ အမှာစကားပြောကြားရာတွင် “ယခင်နှစ် (၃.၄.၂၀၂၄)ရက်နေ့တွင် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း (၂၂၆)ဦးအား ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်‌သူ့စစ်မှုထမ်းဥပ‌ဒေအား အကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်အမှန်များ သိရှိနိုင်စေရန်၊ အစိုးရဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးမှုများ ၊ Social Media များတွင် လက်တလော ဖြစ်ပေါ်နေသော ကောလဟာလ သတင်းများကို ရှင်းလင်းစွာ သိမြင်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ဝန်ထမ်းမှုဆိုင်ရာအခြေခံသင်တန်း (အမှုူထမ်း)များတွင်လည်း ဥပဒေပညာနှင့်ပတ်သက်သော အသိပညာများကို ထည့်သွင်း သင်ကြားပေးလျက် ရှိပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ဥပ‌ဒေအသိပညာပေး ဟောပြောပွဲတွင် ဟောပြောပေးမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိသင့်သိထိုက်သော အသိပညာများ၊ ဆောင်ရန် ရှောင်ရန်များကို ဆရာ/ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် လေ့လာမှတ်သားပြီး သိရှိလိုက်နာ ဆောင်ရွက် သွားကြပါရန်” မှာကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခဌာနမှူး(ဥပဒေပညာဌာန)မှ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီးနောက် နံနက်(၁၁း၃၀) နာရီအချိန်တွင် အခမ်းအနား ‌အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 


No. First Image Title Uploaded Date Type
1 ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများ(မူ/လယ်/ထက်) ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာထောက်ပံ့ခြင်း အခမ်းအနားကျင်းပ 6/29/2026 4:04:31 AM News
2 MPA၊ MAR နှင့် MBA (4th Batch) သင်တန်းများ၏ Orientation Ceremony ကျင်းပခြင်း 6/29/2026 4:02:58 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၌ ဂျီအီးစီ(ပညာရေး)ဝန်ထမ်းများ သမဝါယမအသင်းလီမိတက်နှင့် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 6/29/2026 4:00:32 AM News
4 (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ ကျင်းပ 5/31/2026 9:16:47 PM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
6 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
7 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
8 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing