UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အသုံးချစာရင်းအင်းပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

Administration
21-January-2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အသုံးချစာရင်းအင်းပညာအထူးပြု ကျောင်းသား၊ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၀.၁.၂၀၂၅) ၊နံနက် (၉း၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အသုံးချစာရင်းအင်းပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား အစီအစဉ်များကို ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဥမ္မာစံ၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။

 အခမ်းအနားအစီအစဉ်အရ အသုံးချစာရင်းအင်းပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ မှ မြတ်ဆရာသီချင်းအား အဆိုအကအလှများဖြင့် ဦးစွာသီဆို ဖျော်ဖြေခဲ့ပြီးနောက် ဆရာ၊ ဆရာမများအား ကျောင်းသား/‌ကျောင်းသူများမှ လက်ဆယ်ဖြာထိပ်မှာမိုး၍ ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပါသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ် ‌ဒေါက်တာမို့မို့ရီမှ “အသုံးချစာရင်းအင်းပညာသည် လက်တွေ့နယ်ပယ်တွင် အလွန်အသုံးဝင်သော ဘာသာရပ်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ NGO၊ INGO များတွင် အလုပ်အကိုင် ရရှိနိုင်ပြီး ရသုံးမှန်းခြေစာရင်း တွက်ချက်ခြင်း၊ အစိုးရအသုံးစရိတ်များ တွက်ချက်ခြင်း၊ လူဦးရေ သန်းခေါင်စာရင်းကောက်ခြင်း၊ အကျိုးပြုသုတေသနလုပ်ငန်းများ လုပ်ကိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဆိုင်ရာနည်းပညာများနှင့် နည်းလမ်းများ ဖော်ထုတ်ပြီး စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုနှင့် ဆုတ်ယုတ်မှုကို ဖော်ထုတ်ရာတွင် အသုံးဝင်သော ဘာသာရပ် ဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အချင်းပြည့်ဝသော စွမ်းဆောင်နိုင်မှုရှိသော အနာဂတ်အတွက် ထူးချွန်ထက်မြက်သော စာရင်းအင်းပညာရှင်များ ဖြစ်ကြရန် ကြိုးပမ်းစေလိုကြောင်း၊ သင်ယူထားသော အသိပညာ၊ အတတ်ပညာများကို အစွမ်းကုန် ယူဆောင်ပြီး ဇွဲ၊ လုံလ၊ ဝီရိယရှိရှိဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိရန်၊ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်အောင် ကြိုးစားကြရန်၊ မိဘဆရာသမားများ၏ ကျေးဇူးကို သိတတ်ရန်၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် စိတ်ဓါတ်စည်းကမ်းကောင်းမွန်၍ လိမ္မာယဉ်ကျေးပြီး မိဘမောင်ဘွား ဆရာသမားများမှ အားထားရတဲ့ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူချွန်လူကောင်းများ ဖြစ်အောင် ကြိုးပမ်းကြပါရန် တိုက်တွန်းလိုပါကြောင်း” သြဝါဒအမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါ်ခင်စန်းကြည်မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အသုံးချစာရင်း အင်းပညာအထူးပြု မဟာတန်းကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား အသုံးချစာရင်းအင်းပညာ အထူးပြု ဒုတိယနှစ်ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ မေဂျာဂုဏ်ဆောင် ထူးချွန်ကျောင်းသား/သူများအား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ‌ဒေါက်တာဥမ္မာစံနှင့် စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါ်ခင်စန်းကြည်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာရင်းအင်းပညာဌာန၊ အသုံးချစာရင်းအင်းပညာအထူးပြု King and Queen, People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက အဆိုအကအလှများဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် တင်ဆက်ဖျော်ဖြေခဲ့ပါသည်။

ထို့နောက် မောင်သစ်လွင်(King) ရရှိသူနှင့် မယ်သစ်လွင်(Queen)ရရှိသူတို့အား ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ People Choice Boy and Girl ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရလက်ဆောင်တို့ကို ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး)မှလည်းကောင်း အသီးသီး ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ယခင်နှစ်မှ Queen ရရှိသူမှ မယ်သစ်လွင်(Queen)ရရှိသူအား သရဖူ လွှဲပြောင်းပေးအပ်ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ယူခဲ့ကြပြီးနောက် ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီး‌မြောက်ခဲ့ ပါသည်။

 

 

No. First Image Title Uploaded Date Type
1 လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း fourth Batch အတွက် သင်တန်းသားများ ခေါ်ယူခြင်း 1/10/2026 10:19:47 AM News
2 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ မုံရွာစီးပွားရေးတက္ကသိုလ် ၏ တက္ကသိုလ် (၂၇)နှစ်ပြည့်အထိမ်းအမှတ် ပထမအကြိမ် နိုင်ငံတကာ သုတေသနညီလာခံတွင် စာတမ်းရှင်(၃)ဦးမှ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း 1/8/2026 2:22:17 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ 1/8/2026 2:18:45 AM News
4 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ Internship Program ဆောင်ရွက်မှုများ 1/8/2026 2:15:38 AM News
5 စီမံခန့်ခွဲမှုပညာဌာနမှ ဦးစီးဆောင်ရွက်သည့် Master of Marketing Management ကျောင်းသား/ကျောင်းသူများအတွက် Title Defence ကျင်းပခြင်း 1/8/2026 2:14:30 AM News
6 ဝါဏိဇ္ဇဗေဒဌာနမှ ဦးစီးဆောင်ရွက်သည့် Master of Accounting and Finance ကျောင်းသား/ကျောင်းသူများအတွက် Title Defence ကျင်းပခြင်း 1/8/2026 2:12:55 AM News
7 သမဝါယမပညာဌာန၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ် မဟာတန်း Title Defense ကျင်းပခြင်း 1/8/2026 2:11:51 AM News
8 စာရင်းအင်းပညာဌာနမှ Master of Applied Statistics (MAS) ကျောင်းသား/ကျောင်းသူများ၏ Title Defense ကျင်းပခြင်း 1/8/2026 2:10:01 AM News
9 ဒုတိယနှစ် အထူးပြုမေဂျာအလိုက် တက်ရောက်ခွင့်ရရှိသူများစာရင်း‌ ကြေညာခြင်း 11/11/2025 10:34:11 PM News
10 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများစာရင်း ကြေညာချက် 11/11/2025 4:05:33 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing