UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Administration
14-January-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက္ကသိုလ်ဘောလုံးကွင်း၌ (၁၃.၁.၂၀၂၅)၊ ညနေ(၃း၃၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဥမ္မာစံ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ စီမံခန့်ခွဲရေးရာဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာန များမှ ဌာနမှူးများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အလံကိုင်အဖွဲ့ ဦးဆောင်ပြီး ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးသည့်နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာ စကားပြောကြားရာတွင် ယခုအားကစားပြိုင်ပွဲများအား “လိမ္မာပျော်ရွှင် ပညာချွန်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပရာတွင် ‌ဘောလုံး(ကျား)၊ ဖူဆယ်(မ) အားကစားနည်းများကို အတန်းချိန် ပြင်ပတွင် အသင်းများဖွဲ့စည်းပြီး စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် ကျင်းပနိုင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ကျင်းပခြင်းဖြင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကိုယ်လက်ကြံ့ခိုင်ဖွံ့ဖြိုးမှုရှိလာစေရန်၊ စွမ်းဆောင်ရည်များ ဖော်ထုတ်ပေးရန်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်၊ လိမ္မာရေးခြားမှုရှိပြီး အချင်းချင်း ခင်မင်ရင်နှီးစည်းလုံး ညီညွတ်မှုရှိလာစေရန်နှင့် ကျန်းမာပျော်ရွှင်ပြီး ပညာထူးချွန်မှုရှိလာစေရန် ရည်ရွယ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ (၆)သင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲ (၆)သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲကာလအား (၁၃.၁.၂၀၂၅) ရက်မှ (၂၇.၁.၂၀၂၅) ရက်နေ့ထိ ကျင်းပမည်ဖြစ်ကြောင်း၊ ဘောလုံးအားကစားသည် အသင်းအဖွဲ့စိတ်ဓာတ်၊ စိတ်ပိုင်းဆိုင်ရာ အားမာန်တက်ကြွမှုနှင့် အတူတကွ ဆောင်ရွက်နိုင်စွမ်းတို့ကို မြှင့်တင်ပေးသည့် အားကစားဖြစ်ပြီး ကျရှုံးမှုကို သင်ခန်းစာယူပြီး အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းခြင်းဖြင့် ပိုမိုကောင်းမွန်သော အားကစားသမားများ ဖြစ်လာစေရန် ကြိုးစားကြပါရန် ပြောကြားလိုကြောင်း၊ ယခုအားကစားပြိုင်ပွဲများမှ ရရှိမည့် အကျိုးကျေးဇူးများဖြစ်သည့် အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဖြင့် ဆက်လက်ကြိုးစားကြရန်၊ အသင်းအဖွဲ့ (Team Work) အလိုက် လှုပ်ရှားဆောင်ရွက်တတ်သော အလေ့အကျင့်များ၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ချစ်ခင်ရင်းနှီးမှုကနေ မိမိလူမျိုး၊ မိမိအသင်းနှင့် မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံကို ချစ်သည့်စိတ်တွေ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စိတ္တဗလ၊ မိတ္တဗလ၊ ဘောလဗလ ဆိုတဲ့ ဗလ(၅)တန်နှင့် ပြည့်ဝသည့် လူငယ်၊ လူရွယ်များ ဖြစ်လာရန် ကြိုးစားကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အားကစားသမားများမှ အားကစားသံဓိဌာန်များ ရွတ်ဆိုခဲ့ပြီးနောက် ကွင်းအတွင်းမှ စနစ်တကျထွက်ခွာခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

 

 

No. First Image Title Uploaded Date Type
1 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) သင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper Viva စစ်ဆေးခြင်း 9/28/2026 3:55:11 AM News
2 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) 2026 Job Fair အခမ်းအနားကျင်ပ 9/28/2026 2:19:24 AM News
3 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တို့၏ အောင်စာရင်း ထုတ်ပြန်မည့်ရက်အား ကြေညာခြင်း 9/24/2026 3:38:13 AM News
4 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အတွင်းဆောင်များသို့ Hall Visit သွားရောက်အားပေးခြင်း 9/14/2026 2:25:54 AM News
5 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) (၁/၂ဝ၂၆) ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ 9/14/2026 2:01:44 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း 8/27/2026 3:57:37 AM News
7 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) သက်ပြည့်ပင်စင်ခံစားမည့် ဒေါ်နွယ်နွယ်အောင်၊ ဒု - ဌာနမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ဘဏ္ဍာရေးဌာနခွဲ(တွဲဖက်)၏ နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ 8/25/2026 3:35:09 AM News
8 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်၊ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်းကျောင်းသား၊ကျောင်းသူများ၏ အထူးပြုဘာသာရပ် ရွေးချယ်ရေးဆိုင်ရာရှင်းလင်းပြောကြားသည့်အခမ်းအနား 8/24/2026 2:02:05 AM News
9 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တက္ကသိုလ်ကိုယ်စားပြု အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ ကျင်းပ 8/24/2026 1:28:40 AM News
10 သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ 8/17/2026 2:10:52 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing