UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ဒုတိယပိုင်းကျင်းပ

Administration
06-January-2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ဒုတိယပိုင်းကျင်းပ


27 Dec,2024

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၏ အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားအစီအစဉ်အရ ဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ကြရာ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ပါမောက္ခချုပ်ဆရာမကြီးမှ “မောင်တို့ မယ်တို့ တက္ကသိုလ်၏ ရေရှည် မျှော်မှန်းချက်မှာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး သက်ဆိုင်ရာနယ်ပယ်များတွင် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဒေသဆိုင်ရာအကျိုးပြု တက္ကသိုလ် ဖြစ်လာစေရန်၊ တက္ကသိုလ်၏ သက်တမ်းမှာ (၁၂)နှစ်သာရှိသော်လည်း မောင်တို့မယ်တို့ကို အထူးပြုဘာသာရပ်များအလိုက် စီးပွားရေးသိပ္ပံဘွဲ့များ၊ ဘွဲ့လွန်ဒီပလိုမာများ၊ မဟာဘွဲ့များအထိ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး မကြာမီမှာလည်း ပါရဂူဘွဲ့များ ပေးအပ်နိုင်သည်အထိ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အနေဖြင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် မဟာဘွဲ့များဖြစ်သော MPA, MBA, MAR သင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင်လည်း 2nd Batch အထိဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ထိုသင်တန်းများအား onlineဖြင့် LMS System သင်ကြားရေးစနစ် အသုံးပြုကာ နိုင်ငံတော်၏ လိုအပ်သော အခန်းကဏ္ဍများကို တစ်ထောင့်တစ်နေရာမှ ဖြည့်စွက်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်လျက် ရှိကြောင်း၊ တက္ကသိုလ်အနေဖြင့် အရည်အသွေး အာမခံချက်ရှိသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ ဘွဲ့ဒီဂရီများကိုလည်း Quality Assurance (QA) နှင့် ကိုက်ညီသော ဘွဲ့ဒီဂရီများကို မွေးထုတ်ပေးနိုင်ရန်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ရှေ့လုပ်ငန်းစဉ်များကိုလည်း AUNQA Guide Line နှင့်အညီ ဆောင်ရွက်နေကြောင်း၊ တက္ကသိုလ်အနေဖြင့် တက္ကသိုလ်စာကြည့်တိုက်ကိုလည်း e-library အဆင့်မြှင့်တင်ထားပြီး ဖြစ်သောကြောင့် သုတေသနစာတမ်း ပြုလုပ်လိုသူများအတွက် ဘာသာရပ်ဆိုင်ရာ အကျိုးပြုစာအုပ်များ၊ e-book များနှင့် သုတရသ အစုံဖတ်ရှုနိုင်အောင် စီစဉ်ထားကြောင်း၊ အကျိုးပြု သုတေသနစာတမ်းများ ပေါ်ထွက်လာစေရန် နှစ်စဉ်သုတေသနစာတမ်းဖတ်ပွဲများနှင့် သုတေသနဂျာနယ်များလည်း ထုတ်ဝေလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော KOMYRA,UNIMAS,SUNCHON University တို့နှင့်လည်း ပညာရေးဆိုင်ရာ ဖလှယ်မှုများ၊ အကျိုးပြုသုတေသန စာတမ်းများ ဆောင်ရွက်ကာ KOMYRAနှင့်ပူးပေါင်းပြီး သုတေသနစာစောင် (၃၄)စောင် ရေးသားခဲ့ပြီးဖြစ်ကြောင်း၊ မောင်တို့မယ်တို့ဘွဲ့ရလူငယ်များကို Job Opportunity အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် တက္ကသိုလ်အနေဖြင့် ပြင်ပပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ကြားပြီး Job fairများ ကျင်းပပေးကာ အတွေ့အကြုံများ မျှဝေစေခြင်း၊‌ ဘာသာရပ်တိုးတက်ရေးအတွက် ပညာရှင်များဖိတ်ကြား၍ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ မောင်တို့မယ်တို့ အရည်အသွေးများပြည့်ဝစေရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး သင်တန်းများ ဖွင့်လှစ်ကာ အခွင့်အလမ်းများစွာ ဖန်တီးပေးခြင်း၊ စာတွေ့လက်တွေ့ ပေါင်းစပ်နိုင်ရန် စီးပွားရေး နယ်ပယ်အသီးသီးရှိ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပြီး လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်ပေးနေသည်ကို မောင်တို့မယ်တို့ အသိပင် ဖြစ်ကြောင်း၊ ယနေ့ချီးမြှင့်လိုက်သော ဘွဲ့ဒီဂရီများသည် သက်ဆိုင်ရာ နယ်ပယ်များတွင် ဘက်စုံဖွံ့ဖြိုးသော လူကောင်း/လူတော်များဖြစ်လာစေရန်၊ ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ကြရန်၊ ဆန်းသစ်တီထွင်မှုများဖြင့် ပညာရပ်များကို လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးချနိုင်အောင် ကြိုးစားသွားကြရန်တို့ လိုအပ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် လူစွမ်းအားအရင်းအမြစ် တည်ဆောက်ရာ၌ ပညာရေးသည် အခြေခံအဓိကကျသည့်အတွက် အသိပညာနှင့်အတတ်ပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့လာဆည်းပူးနေရမှာဖြစ်ကြောင်း၊ တက္ကသိုလ်အနေဖြင့် စီးပွားရေးနှင့် ICT ပညာရပ်အပြင် လူမှုရေးစိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော သဘောတရားများအတွက် အလိုအပ်ဆုံးသော အခြေခံကောင်းများကို သင်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ယှဉ်ပြိုင်နိုင်သော စွန့်ဉီးတီထွင် လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်း၊ ယနေ့ မောင်တို့မယ်တို့ကို ရိုးသားဖြောင့်မတ်သော၊ အများအကျိုးဆောင်လိုသော၊ တိုးတက်ကြီးပွားလိုသော စိတ်ကောင်းများဖြင့် ဘက်စုံကဏ္ဍစုံကနေ  နိုင်ငံတော်ကို လက်တွေ့ အကျိုးပြုကြရန်၊ တိုင်းပြည်အနာဂတ်အတွက် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များဖြင့် အကောင်းဆုံး ဆောင်ရွက်သွားကြရန်၊ အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းမှာ ကိုယ်တိုင် လေ့လာဆည်းပူးရင်း နိုင်ငံနှင့် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်သွားကြရန်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု ၊ ကိုယ့်နိုင်ငံကို မျိုးချစ်စိတ်ဖြင့် ထိန်းသိမ်းမြှင့်တင်ရင်း အမိတက္ကသိုလ်နှင့်နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ နိုင်ငံတော်မှအားထားရသော တာဝန်ယူတတ်သည့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်စွမ်းဆောင်ရှင်များ ဖြစ်ကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။

ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မဟာဘွဲ့(၇)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့(၂၂၁)ဦး၊ ဘွဲ့လွန်ဒီပလိုမာ(၂)ဦး ၊ Dip HRM ဒီပလိုမာ (၂၅)ဦး၊ စုစုပေါင်း (၂၅၅)ဦးအနက် တက်ရောက်ဘွဲ့ယူသူ (၂၁၀)ဦးနှင့် အဝေးရောက် ဘွဲ့ယူသူ (၄၅)ဦး တို့ကို သက်ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂း၀၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းကြောင်း သိရှိရသည်။

စီးပွားရေးသိပ္ပံဘွဲ့(၂၂၁)ဦးမှာ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြု (၄၈)ဦး ၊ အသုံးချစာရင်းအင်းပညာ အထူးပြု(၄၅)ဦး၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ အထူးပြု(၅၇)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြု(၂၇)ဦး၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု (၄၄)ဦးတို့ ဖြစ်ကြသည်။

 


No. First Image Title Uploaded Date Type
1 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ကျောင်းဖွင့်မည့်ရက် ၊ ကျောင်းအပ်လက်ခံမည့်ရက် ကြေညာချက် 5/20/2026 11:22:33 PM News
2 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းကျောင်းသား/ကျောင်းသူများ၏ Master Thesis Viva Defense စစ်ဆေးခြင်း 5/10/2026 9:53:51 PM News
3 Diploma in Human Resource Management (4th Batch) online သင်တန်း၊ ကျောင်းသား/ကျောင်းသူများအား Project Paper Viva Defense စစ်ဆေးခြင်း 5/10/2026 9:50:45 PM News
4 အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် Public Feedback Programme အစီအစဉ်ကြေညာခြင်း 5/7/2026 9:56:28 PM News
5 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေးခြင်း 3/18/2026 3:52:18 AM News
6 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 3/18/2026 2:21:01 AM News
7 မဟာတန်း(ဒုတိယနှစ်ဝက်)နှင့် စတုတ္ထနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား/သူများအား နှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ 3/18/2026 2:17:52 AM News
8 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူ့စွမ်းအားအရင်းအမြစ်သင်တန်း (HRD Programme)၊ Diploma in Human Resource Management (Dip.HRM)(Online) 4th Batch အာစရိယပူဇော်ပွဲ ကျင်းပ 3/12/2026 3:50:02 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တည်ထောင်သည့်နေ့ (၁၄) နှစ် မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ 2/25/2026 2:35:03 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ 2/25/2026 2:33:30 AM News
12345678910...

© 2026 - University of Co-Operative and Management, Sagaing