UNIVERSITY OF CO-OPERATIVE AND MANAGEMENT, SAGAING

Language : English | Myanmar

  • Home
    • In Brief
    • Rector's Message
    • Vision / Mission
    • Programs
    • Affiliation and Co-Operation
    • Alumni
  • About US
    • Glance
    • Organization
    • History
    • Students
  • Academic
    • Department of Commerce
    • Department of Co-Operative Studies
    • Department of Economic
    • Department of Management Studies
    • Department of Statistics
    • Department of Myanmar
    • Department of English
    • Department of Mathematics
    • Department of ICT
    • Department of Economic Geography
    • Department of Law
  • Admission
  • Administration
    • Department of Administration
    • Department of Registration
  • Research
  • Library
  • Campus Life

News & Activities |

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

Administration
31-January-2025

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု အာစရိယပူဇော်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၂၄.၁.၂၀၂၅) ၊နံနက် (၉း၀၀)နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမတွင် အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးဌာန(၁၁)ဌာနမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာန၊ စီမံခန့်ခွဲရေးဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနတို့မှ ဌာနမှူးများ၊ သက်ဆိုင်ရာသင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 
အခမ်းအနားအစီအစဉ်အရ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများမှ ဆရာ၊ ဆရာမများအား လမ်းပြကြယ်သီချင်းနှင့် ဦးစွာ သီဆိုဖျော်ဖြေပြီးနောက် ကန်တော့ချိုးဖြင့် လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ဂါရဝရှေ့ထား ပူဇော်ကန်တော့ခဲ့ကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ထို့နောက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ် ဆရာမကြီး‌မှ “Marketing Management Major ကို စိတ်ကြိုက်ရွေးချယ်ပြီး ဝင်ခွင့်ရသူများကို ဂုဏ်ယူပါကြောင်း၊ တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် Marketing Management Major သည် အလွန်အသုံးဝင်တဲ့ Major ဖြစ်ပြီး ကုန်ပစ္စည်း ထုတ်ရာတွင်ဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်းများလုပ်လုပ်၊ စျေးကွက်ရဲ့ သဘောတရားတွေ နားလည်ရန်လိုပါ ကြောင်း၊ ဈေးကွက်ရဲ့ Customer needs နဲ့ wants တွေကို ဖြည့်ဆည်းပေးရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် Marketing plan ဘယ်လိုရေးဆွဲရမည် မိမိလုပ်ငန်းအမြတ်ရရှိအောင် Customer များကို ဆွဲဆောင်ပြီး ရောင်းအားတိုးတက်အောင် စျေးကွက်ကို ဘယ်လို creation တွေ လုပ်မလဲ၊ ဘယ်လို Marketing Strategy ချမလဲ၊ Brand loyalty ကို ဘယ်လိုတည်ဆောက်မလဲ သဘောတရားများကိုသင်ကြားပေးပြီး Marketing Manager တွေ ဖြစ်လာစေရန် လိုအပ်သောအသိပညာ၊ အတတ်ပညာများကို သင်ကြားပေးတဲ့ဘာသာရပ်များ ဖြစ်ကြောင်း၊ MSME လုပ်ငန်းလုပ်ကိုင်သူများအတွက် အသုံးဝင်သည့်အပြင် Social Media Platform များအသုံးပြုပြီး မိမိတို့ ကုန်ပစ္စည်းများကို Digital Marketing များဖြင့် ဆန်းသစ်တီထွင်ရောင်းချမလဲ စသည်များကို သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါကြောင်း၊ စတုတ္ထနှစ် ကျောင်းသား/သူများအတွက် Master တန်းများတက်ရောက်နိုင်မည့်အပြင် HRD Program တွင် online ဖြင့် Master တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်သည့် MBA, MPA, MAR, Dip HRM အတန်းများတွင်လည်း တက်ရောက်နိုင်မည်ဖြစ်၍ ကြိုးစားစေလိုပါကြောင်း၊ ရိုးသားကြိုးစား၍ ရည်ရွယ်ချက်ထားရှိပြီး ဇွဲလုံ့လဝီရိယ အပြည့်ဖြင့် လျှောက်လှမ်းကြရန်၊ စေတနာထား၍ အများအကျိုးဆောင်ရွက်ရန်၊ မိဘဆရာသမား၏ ကျေးဇူးကို သိတတ်ရန်၊ လူ့ကျင့်ဝတ်များကို လေးစားလိုက်နာကြရန်၊  21st century skill (၆)မျိုးဖြင့် ပြည့်စုံအောင် ကြိုးစားသွားကြရန်၊ ဝန်းကျင်ကောင်းများဖြင့် သာယာလှပတဲ့ တက္ကသိုလ်ကြီးမှ ဂုဏ်ယူဝင့်ကြွားပြီး လိမ္မာယဉ်ကျေးသည့် သားကောင်း/သမီးကောင်း ရတနာ များ ဖြစ်ကြပါစေကြောင်း၊ မိမိအကျိုး၊ တက္ကသိုလ်အကျိုး၊ မိမိဒေသအကျိုးနှင့် မိမိနိုင်ငံက အားကိုးအားထားရသော ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ဖြစ်ကြပါစေကြောင်း၊ ဂါရဝတောစ၊ နိဝါတောစ ပူဇော်ထိုက်သူများ ကို ပူဇော်ရသည့် အကျိုးကြောင့် အသက်ရှည် အဆင်းလှပြီး ကောင်းကျိုးလိုရာ ဆန္ဒများနှင့်ပြည့်စုံပါစေ၊ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေ၊ စာမေးပွဲကိုလည်း ဂုဏ်ထူးများဖြင့် ဖြေဆိုအောင်မြင်ကာ လိုရာပန်းတိုင်များကို ချောမွေ့လျင်မြန်စွာ လျှောက်လှမ်းနိုင်ကြစေ ”ဟု ဆုတောင်းသြဝါဒ အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စီမံခန့်ခွဲမှုပညာဌာန ပါမောက္ခ(ဌာနမှူး)မှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီးနောက် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု မဟာတန်း ကျောင်းသူ တစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များကိုယ်စား ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု ဒုတိယနှစ်ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အစီအစဉ်အရ မေဂျာဂုဏ်ဆောင် ထူးချွန်ဆုရ ကျောင်းသား/သူအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ မေဂျာဌာနမှ ပါမောက္ခ(ဌာနမှူး)မှ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကာ ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု King and Queen, People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များနှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက အဆိုအကအလှများဖြင့် တင်ဆက် ဖျော်ဖြေခဲ့ပါသည်။
ထို့နောက် မောင်သစ်လွင်(King) ရရှိသူနှင့် မယ်သစ်လွင်(Queen)ရရှိသူအား ပါမောက္ခချုပ်မှ စလွယ်နှင့် အမှတ်တရလက်ဆောင်ကို ပေးအပ်ခဲ့ပြီး မောင်သစ်လွင် (King) ရရှိသူနှင့် မယ်သစ်လွင် (Queen)ရရှိသူတို့အား ယခင်နှစ် King နှင့် Queen တို့မှ စလွယ်နှင့် သရဖူတို့အား လွှဲပြောင်းခဲ့ပါသည်။ ဆက်လက်၍ People Choice Boy and Girl ရရှိသူတို့အား  စလွယ်နှင့် အမှတ်တရလက်ဆောင်တို့ကို စီမံခန့်ခွဲမှုပညာဌာနမှ ပါမောက္ခ(ဌာနမှူး)မှ  ပေးအပ်ခဲ့ပြီးနောက် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီး‌မြောက်ခဲ့ပါသည်။

 

 

No. First Image Title Uploaded Date Type
1 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တတိယနှစ်သင်တန်း အောင်မြင်သူများစာရင်း ကြေညာချက် 10/31/2025 12:01:11 AM News
2 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်သင်တန်း အောင်မြင်သူများစာရင်း ကြေညာချက် 10/30/2025 11:50:15 PM News
3 ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းကြေညာချက် 10/30/2025 11:39:00 PM News
4 ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မဟာတန်းဒုတိယနှစ်သင်တန်း သုတေသနကျမ်းပြုခွင့်ရရှိသူများစာရင်း 10/30/2025 11:26:55 PM News
5 ကထိန်သင်္ကန်းဆပ်ကပ် လှူဒါန်းခြင်း အခမ်းအနား 10/30/2025 11:13:38 PM News
6 အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ အတွင်းရေးမှူးချုပ်ရုံးနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် Webinar ကျင်းပပြုလုပ် 10/17/2025 4:23:37 AM News
7 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်ရောက်မှုအခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေး 10/10/2025 3:30:19 AM News
8 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ ကျင်းပ 10/10/2025 2:35:22 AM News
9 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တက္ကသိုလ်အတွင်းဆောင်များသို့ Hall Vist သွားရောက်အားပေး 10/10/2025 12:36:53 AM News
10 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း 10/10/2025 12:33:28 AM News
12345678910...

© 2025 - University of Co-Operative and Management, Sagaing